#Unicode
"ဘာဖြစ်လာတာလဲခါလွန်"
"ဘာမှမဖြစ်ပါဘူးကွာ။ ငွေများများရတဲ့အလုပ်ကို လုပ်ချင်နေပြီ"
"ဘာလို့တုန်းဟ။ မင်းအဖေက ဘောစိပဲဟာ"
"ရုန်းထွက်ဖို့ လိုလို့ပါကွာ"
"ဒီခေတ်ကြီးမှာ ကျောင်းတက်ရင်း လုပ်လို့ရတဲ့အလုပ်က မရှိသလောက်ရှားတယ်ကွ"
"အေးကွာ။ ငါလည်း ဘာလုပ်ရမှန်းမသိတော့ပါဘူးကွာ"
"မင်းအခု Delivery လုပ်ပေးနေတာမဟုတ်ဘူးလား"
"ဘယ်လောက်ရမှာမို့လို့လဲကွာ"
"ကုန်ပို့တဲ့ကားကရော"
"ရတော့ရပါတယ်။ ညီမလေးကျောင်းထားနိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး"
"မင်းက မင်းညီမကိုကျောင်းထားပေးချင်နေတာလား"
"အင်း ဆိုပါတော့"
"မင်းတအားမြိုသိပ်လွန်းတယ်ခါလွန်။ တစ်ခါတလေ မင်းကို နားမလည်ဘူး။ တကယ်ဆို မင်းက ငါတို့အထဲမှာ မချမ်းသာပေမယ့် အဆင်ပြေနေဆုံးကောင်ပဲ။ ကိုယ်ပိုင်ဝင်ငွေလည်းရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းလည်းရှိတယ်။ ငါတို့ဆို အိမ်ကပဲ လက်ဝါးဖြန့်ကြရတာ။ မင်းကမှ ဖြန့်စရာမလိုသေးတယ်။ မင်းအဖေလည်း ဝင်ငွေကောင်းတာပဲဟာ။ မင်းညီမအတွက် ဘာပူစရာရှိ။ အဲ့တာကို ဘာအတွက် မင်းက စိတ်ညစ်နေရတာလဲ"
သူတို့အမြင်အရတော့ ခါလွန့်ဘဝက စင်းလုံးချောပင်။ ဒါပေမဲ့ ခါလွန့်အတွင်းရေးကတော့ သူတို့ထင်သလောက် မချောမွေ့ခဲ့။ သူငယ်ချင်းအရင်းလို့ သတ်မှတ်ထားတဲ့သူတွေကိုတောင် ခါလွန့်အိမ်အကြောင်း သိပ်ရင်မဖွင့်ဖြစ်ပေ။ ဒါက ခါလွန်က မြိုသိပ်တတ်သူမို့ နေပါလိမ့်မယ်။
သူများဘဝတွေများ သာယာလိုက်ကြတာ။ လူငယ်ဘဝကို စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းနေကြတယ်။ ခါလွန့်အတွက်ကြ အိမ်မပြန်ချင်လောက်တဲ့ စိတ်ဆင်းရဲမှုကြီးနဲ့။
"လာကွာ ကမ်းနားသွားရအောင်"
"မင်းတို့ပဲသွားကြပါကွာ။ ငါတစ်ယောက်တည်း လေလွင့်လိုက်ဦးမယ်"
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။