#Unicode
"ဖွားဖွားခေါ်တဲ့ သားလူဆိုတာ ဖေဖေ့ညီဝမ်းကွဲတော်တယ်။ နာမည်က ဘုန်းမင်းလူတဲ့"
"ဟင်"
"အံ့ဩသွားလား"
"အင်း ညီအစ်ကိုဝမ်းကွဲတော်ရဲ့သားနဲ့ အစ်ကို့မိန်းမကို မင်းဦးလေးကပြန်ယူသလိုဖြစ်နေလို့"
"အင်း ပြောပြမယ်လေ"
"အင်း"
"ဦးလူရဲ့ညီ ဦးငယ်နာမည်က ချစ်ဦးငယ် ဆရာဝန်ပေါ့။ ပြီးတော့ ရုပ်ခွဲမရအောင်တူတဲ့ အမွှာတွေ"
"နာမည်က တစ်ယောက်တစ်မျိုးစီကြီး"
"အမေ့ဝမ်းထဲက ထွက်ထွက်ချင်း အခွဲခံခဲ့ရတာလေ"
"ဟမ် ဘာလို့"
"ဖွားဖွားမောင် ဖိုးငယ်က ဦးငယ်တို့မေမေနဲ့ ခိုးပြေးပြီး သိပ်မကြာဘူး အခွဲခံလိုက်ရတာလေ။ ဦးငယ်တို့မေမေက ဆင်းရဲတော့ ဖွားဖွားမေမေတို့ဘက်က သဘောမတူဘူးပြောတာပဲ။ ကိုယ်ဝန်ပါသွားတာတောင် ဖိုးငယ်ကမသိဘူးတဲ့။ ကိုယ်ဝန်ရင့်မှ သိရှာတာ"
"အင်း"
"ဦးငယ်တို့မေမေက ဆင်းရဲတော့ ကလေးကို မကျွေးမွေးနိုင်ရင် ကလေးဆင်းဆင်းရဲရဲနေရမှာဆိုးလို့ ကျမကို တာဝန်ယူပါလို့မတောင်းဆိုပေမယ့် ကလေးကိုတော့ တာဝန်ယူပေးပါလို့ပြောလို့ ဖိုးဖိုးကသွားခေါ်ပေးတာ"
"အင်း"
"အမွှားမှန်းမသိတော့ ဖိုးငယ်က ဦးလူကိုမွေးပြီးပြီးချင်းခေါ်လာတာ။ ဖိုးငယ်ပြန်လာပြီးမှ နောက်တစ်ယောက်ထပ်မွေးတာက ဦးငယ်လေ။ ဖိုးဖိုးက သူ့သားအမွှာဆိုတာတောင်မသိဘူး"
"အင်း"
"ဦးငယ်မေမေက ကံတရားက သူ့ကို့သားတစ်ယောက်မွေးခိုင်းတာပဲဆိုပြီး ဖိုးငယ်ကို ဘာမှမပြောတော့ဘဲ သူ့ဘာသူပဲမွေးလိုက်တာ။ ဦးငယ် ငါးနှစ်ပြည့်လို့ ကျောင်းတက်ရမယ့်အရွယ်မှာ ဖိုးငယ်ကို လာပေးတာပေါ့။ ဦးငယ်ကိုလာပေးပြီး သိပ်မကြာဘူး ဦးငယ်မေမေဆုံးသွားတာ"
"သနားစရာ"
"အင်း အဲ့ဒါကြောင့် ဖွားဖွားက ဦးလူနဲ့ ဦးငယ်ကို သိပ်ချစ်တာ"
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။