ရွာနံဘေးက... ချစ်ရပါသော သူကြီးမင်း
အပိုင်း... ( 3 )
'' ကဲ ဘယ်လို ဖြစ်ကြတာလဲဆိုတာ
ေလျှာက်ကြစမ်းဘာအုန်း ''ဆရာတော်က ရှေ့ကမေးတော့
ပေရိုးတို့ခေါင်းမဖော်တော့။
သူခေါင်းဖော်ပြီးဖြေလို့လည်းမရ။
အကြောင်းက ညကမူးပြီး ဘုန်းကြီးကျောင်း
လာအိပ်ထားတာကြောင့် ဆရာတော်၏
ကြိမ်လုံးသည် ပေရိုးကျောပြင်နှင့်
နီးနေလေပြီ။နေကထိုင်ခင်းကာ တမင်ခွေ
ထိုင်နေတဲ့ဆရာတော်ရှေ့ မထိုင်ရဲ၍
သူကြီးဆိုတဲ့ကာင်အနောက် ဝင်
ထိုင်နေသည်။ သူကြီးခန္ဓာက်ိုယ်က
ကြီးတော့ ပေရိုးခန္ဓာကိုယ်ကို
လုံလုံလောက်လောက် ကာကွယ်
ပေးထားသည်။နံဘေးက ပေရိုးနည်းတူခေါင်း
မဖော်ရဲတဲ့ မိုးနောင်းနဲ့ သီးဟစိုးကတော့
ဆရာတော်နဲ့မျက်နှာချင်းဆိုင်
ထိုင်နေရ၏။ သူတို့ကို ပေရ်ိုးလို
ကွယ်ထားပေးတဲ့ ခန္ဓာကိုယ်ကြီး
မရှိဘူးလေ။''ဟဲ့ကောင်တွေ.. ငါမေးနေတာ
မကြားကြဘူးလား ''!ဆရာတော် ထအော်တော့ တုန်တောင်
တုန်သွားသည်။ အရှေ့က
ကျောက်တိုင်ကြီးကတော့ ခပ်တည်တည်
မျက်နှာဘေးနဲ့ မတုန်မလှုပ်။
ဒီက မဖြေရဲဘာဘူးဆို သူဖြေပေးတော့
ဘာဖြစ်မှာကြနေတာဘဲ။ဆရာတော်က မျက်လုံးပြူးပြီး
ကြည့်နေပြီမို့ ပေရိုး မဖြေလို့လည်း
မရတော့။ကျောပြင်ပေါ်
ဗြော တင်မခံရအောင်တော့
လျှောက်ရမည်။'' ပေရိုး မမှားဘူး ဘုရား
ပေရိုး အိမ်သာတက်တာကို
လာချောင်းတဲ့ လူက မှားတာ ဘုရား''?ပေရ်ိုး လျှောက် တော့ လှည့်ကြည့်လာတဲ့
သူကြီး ဆိုတဲ့ လူရဲ့အကြည့်က ကြောက်စရာ။ မျက်ခုံးနှစ်ဖက်စု့ကျုံ့ ရုံမက
နှုတ်ခမ်းမွေး တွေဘာ ထောင်သွားသလား
အောက်မေ့ ရတယ်။ ဒီပုံအတိုင်းဆို
ပေရိုး.. ဆရာတော် ကြိမ်တုတ်နဲ့မသေ
ဒီသူကြီးရဲ့ အကြည့်နဲ့ သေလောက်သည်။'' ဒကာကြီး.. ဘယ်လို ဖြစ်ကြတာလဲ ''?
'' တပည့်တော်က ရွာသူကြီးဘာ
ဘုရား '''' ကဲ..မောင်နွေပေရိုးလွား ''
'' ဘုရား..''
ပေရိုး ငိုမဲ့မဲ့ဖြစ်သွားသည်။
ပေရိုး ကို ဘယ်သူမှ မနိုင်ေပမဲ့
ဆရာတော် တစ်ပါးတော့နိုင်သည်။
အလျှောက်ကောင်းရင် အထောင်း
သက်သာမလားလို့ မမှားဘူး ဟု့ လျှောက်
မိတာ။ရေခဲတုံးကြီး ရဲ့
*တပည့်တော် ရွာသူကြီးဘာ ဘုရား*
ဆိုတဲ့ စကားတစ်ခွန်းအောက်
ဘာအသုံးမှ မဝင်တော့ဘူး။