ရွာနံဘေးက ချစ်ရပါသော..သူကြီးမင်း
အပိုင်း... ( 14)
'' နွေပေရိုးလွှာ ထတော့ ''
'' သား မလိုက်ပါဘူးဆိုဗျာ
ဦးကျော်နိုင်ဝင်း တာ သွား '''' ကျစ်... အလုပ်သွားရမှာ
စောစောစီးစီး မရစ်နဲ့...'''' ဟင့်. အခု့မှ လေးနာရီထိုးတာ
ကို..သားအိပ်ရေးမဝသေးဘူးလို့
မသွားချင်ဘူးဆို....အဟင့်..အဟင့်..''အိပ်ယာထဲက မထသေးဘူး။
အရင်က ငိုနေလေပြီ။ အလုပ်ရှိ
လို့ နိုးနေတာအခု့ကောဆို ခြောက်
ခေါက်မြောက် ရှိနေပြီ ။ ဒါကို မထတဲ့
အပြင် စောင်ထဲ လုံးထွေးပြီး
ငိုဘာ ငိုလိုက်သေး။'' အဲ့ငိုသံက စောစောစီးစီး
နမိတ်မရှိအောင် မလုပ်စမ်းနဲ့
စကားနဲ့ပြောတုန်း ထနော် တုတ်
မပါချင်ဘူး....'''' အဟင့်.... ''
ကုတ်ကုတ်ကလေး ထသူက
မျက်လုံးကလေး ပင့်ကာပင့်ကာ
နဲ့ ကြည့်ရင်းဖြင့် အိပ်ယာထဲက
နေ အခန်းပြင် ထွက်နေလေသည်။
လှည့်ကြည့် လှည့်ကြည့် လုပ်
နေတုန်းမို့ နောက်တစ်ကြိမ် တုတ်နဲ့
ထပ်ခြိမ်းခြောက် ရသည်။ဦးကျော်နိုင်ဝင်း အကျင့်ပုတ်ကြီး
ဆိုပြီး ရေကန်ကို မီးမပါဘဲ
ဆင်းသွား လေသည်။ဒီကလေး ချှော်လဲ နေမှ ဖြင့်။
'' သားရယ်..ကလေး မလိုက်
ချင်တာကို ခေါ်မသွားဘာနဲ့လား
အမေနဲ့ ထမင်းလာပို့မှ ခေါ်ခဲ့
မယ်လေ ''''မရဘူး.. သားဘဲ ခေါ်သွားမှာ''
'' သားကလည်း ပြောရခက်လိုက်တာ
ကလေးက အိပ်ရေးမဝသေးတာကို.
အခု့လိုလအတင်းကာရော နိုးတော့
လက်မထပ်ရခင် ထွက်ပြေး သွား
မှာ မြင်ယောင်သေးတယ် ''.'' ကျုပ်မှာ ကြိမ်လုံး ရှိသ၍
သူထွက်မသွားဘူး'''' ကလေးကို...''
'' လက်ဖက်ရည်နဲ့ ကောက်ညှင်းပေါင်း
ကို ပလိုင်း ထဲ ထည့်ထားပေးပါ
အသေးလေး ပြီးတာနဲ့ လှည်းက ပြီး
သွားတော့မှာ။ ဟိုမှာ တဲရှင်း ရ
အုန်းမှာနဲ့ '''' အေးတယ်သား...မိုးလင်းမှ ''
'' အမေ.... ''
'' အေအေ..အမေ မပြောတော့ဘူး
သား စိတ်ကြိုက်တာလုပ် ''