ရွာနံဘေးက ချစ်ရပါသော.. သူကြီးမင်း
အပိုင်း... ( 11)
'' ၁၁...''
''၁၂ ''
'' သား မလုပ်နိုင်တော့ဘူး
ဦးကျော်နိုင်ဝင်းရဲ့.. သားမနက်ကထိန်
သွားရပါအုန်းမယ်ဆို... ''''... သောက်တုန်းက
ကထိန် သွားမဲ့အရေး တွေးမိ
ရဲ့လား.. မောင်နွေပေရိုးလွှာ..'''' တွေးမိပါတယ်နော်.. မစွတ်စွဲနော်
သားဟာသား စည်းရှိရှိသောက်တာ
မူးအောင်မသောက်ဘူး..မနက်ကထိန်
သွားရမယ်ဆိုတာ သိလို့လေ.. ဦးကျော်နိုင်
ဝင်း.. တာ..သား ကို မနက်ကထိန်မသွား
နိုင်အောင်..အနိုင် ကျင့်နေတာ '''' အကြိမ်ရေ ထပ်ထိုးချင်လို့လား
ပေရိုး...ဟင်..'''' တော်.. တော်လိုက်တော့..
အခု့တောင် သားအရိုး နဲ့ သား
ဒိုက်ထိုးရတာ..လွယ်တယ်များ
ဦးကျာ်နိုင်ဝင်း ထင်နေတာလား
ဟင့်.. ဘယ်နှနာရီ ရှိပြီလည်း မသိဘူး
အိပ်လည်း မအိပ်ရသေးဘူး...
သားကို အိပ်ရေးပျက်အောင်
ခင်များ ထပ်ပြီး ဒချီ ပြန်ပြီ ''ခန္ဓာကိုယ် မောက်ခုံ အနေ အထားမှာ
ခြေနှစ်ချောင်းက နောက်ကို ဆန့်ဆန့်
ထားပြီး လက်နှစ်ဖက်က
ရင်အောက် ထောက်ရက် အနေ အထား
နဲ့ ခေါင်းစောင်း ကာ ကျော်နိုင်ဝင်း
ရှိရာဘက် ရန်တွေ့နေသူ။ဒချီ ဆိုတာ ဘာအဓိပ္ပါယ်မှန်း.သိသိ
ကျကျ မသိဘဲ ပါးစပ်ဖျားက
မချ ဖြစ်နေလို့ ကျော်နိုင်ဝင်း
ထိုင်နေရာက ကလေး..ရှိရာ
သွားလိုက်၍ ကလေး အရှေ့
ဒူးတစ်ဖက်က ကြမ်းပြင်ပေါ် ထောက်ပြီး
ကျန်တစ်ဖက် ထောင် ရက် အနေ
အထားနဲ့ မျက်နှာချင်း ဆိုင်
လိုက်သည်။အောက်နှုတ်ခမ်းတစ်ခု့ထဲ ထှော်
ထားတဲ့ကလေးက နီရဲနေတဲ့ နှုတ်ခမ်းသား
ထူထူလေးအပေါ် အန္တရာယ်ကျရောက်
လာနိုင်မှန်းလည်း သိပုံမရှိ။
ပေကလပ်ပေကလပ် မျက်လုံး
ဝိုင်းဝိုင်းလေးတွေက ရဲတင်းစွာ
ကျော်နိုင်ဝင်း မျက်ဝန်းတွေကို
စူးစူးစိုက်စိုက် ကြည့်နေသည်။ပုံစံလေးက သူကိုအပြစ်ပေး
ထားလို့ မကျေနပ်ကြောင်း ပြနေတာ
သိပေ မဲ့ မျက်လုံးထဲ စွဲမက်
ဖွယ် ကောင်းလွန်းနေတာတော့
မတတ်နိုင်။