ရွာနံဘေးက ချစ်ရပါသော... သူကြီးမင်း
အပိုင်း... ( 18 )
'' ဟဲ့သား....စောစောစီးစီး ဘယ်လဲ ''
'' ငရိုင်း လာခေါ်လို့အမေ
မိုးနောင်း...မြွေထိလို့တဲ့.. သား
လိုက်သွားလိုက်အုန်းမယ် '''' ဟယ်... ဘယ်လိုဖြစ်တာလဲကွယ်''
'' ငါးရှာတဲ ပြန်ပြင်ရင်း ထိတာတဲ့
အခု့တော့ဆေးရုံမှာ သားလိုက်သွား
ပြီနော်... အငယ်ကောင် နိုးရင်
ပြောပြလိုက်အုန်း '''' အေအေ..သွား..''
သီဟစိုး အမြန်ဘဲ ဆေးရုံကို
လိုက်လာခဲ့လိုက်သည်။
မိုးနောင်း ဆိုတဲ့ကောင်က
သူနဲ့မတည့်ဆုံးကောင်။ တစ်ထစ်
ရှိ သူ့ညီကိုဘဲ ရန်ရှာနေတဲ့ ကာင်မို့
အမြင်မကြည်ပေမဲ့... အားလုံးထဲမှာ
အဖော်ရွှေဆုံးကလည်း အဲ့ကောင်ဘဲ
ဖြစ်ပြန်သည်။တစ်ခု့ခု့ ဆိုးဆိုးဝါးဝါး မဖြစ်ဖို့
ဘဲ ဆုတောင်းရတော့မည်။ဒေါ်ခင်အုန်းမြင့် ဆွမ်းချက်ရင်းမှ
မတော်ရသေးတဲ့ သမက်အစား
ရင်ပူနေမိသည်။ ဘာမှ မဖြစ်ဖို့
ဆုတောင်းရုံကလွှဲ သူမလည်း
မတတ်နိုင်။သြော်... အငယ်လေးကို နိုးအုန်းမှလေ။
အငယ်လေး နဲ့ မောင်မိုးနောင်း
အကြောင်း သိထားပြီးသားမို့
ဒေါ်ခင်အုန်းမြင့် မီးဖိုဆောင်မှ
အိမ်ပေါ်ကို တက်လိုက်သည်။အခန်းဒေါင့်ကပ် အိပ်တတ်တဲ့
အငယ်ကောင်လေးသည် စောင်
သေးသေးလေးနဲ့ ကွေးကွေးလေး
အိပ်နေ၏။'' ကစ်...သား... ''
အအိပ် ဆတ်သူက ခေါ်ရုံနဲ့
တန်းနိုးလာသည်။ သူမကိုမြင်
တော့ချက်ခြင်းထထိုင်ပြီး။'' ဘာလို့လဲအမေ... သား ဘာကူ
ညီပေးရမလဲ...''ဆွမ်းချက်တာ မနိုင်ရင် နိုးနေကျမို့
သားက အခု့လိုပြောလာချင်း။'' သား မိုးနောင်း မြွေကိုက်လို့သား''
'' ဗျာ... !! ဟုတ်.. ဟုတ်ရဲ့လား.အမေရဲ့''
'' စိတ်အေးအေးထားအုန်းသား
သားအကို...အခု့ဆေးရုံ လိုက်သွား
ပြီ... သားလည်း လိုက်ချင်ရင်
လိုက်ရအောင်လို့ လာနိုးတာ''