Part ( 6 )

1.9K 77 14
                                    

ရွာနံဘေးက ချစ်ရပါသော.. သူကြီးမင်း

အပိုင်း... ( 6 )

'' သူကြီး.. ပစ္စည်းတွေက.. ဒီအတိုင်း
ပို့ခိုင်းလိုက်တာ.. ယုံလို့ရလို့လားဗျ..
အလစ်တုတ်သွားရင်.. ဘယ်လိုလုပ်မလဲ..
သူကြီး တစ်ယောက်ဖြစ်ပြီး...ခင်များ
ယုံလွယ် လိုက်တာ..''

'(...... ''

'' ခင်များ.. ကျုပ် ပြောတာကော..
နားဝင်ရဲ့လား... ကြားရင်
ပြန်ဖြေအုန်း... ဒီမှာ ပြောနေတဲ့
လူက အရူးကြီးကြလို့...''

'' ဟုတ်နေတာဘဲ.... ''

'' ခင်များ.... ''!

ဒီ သူကြီး နဲ့  ပေရိုး မှာ အကြိမ်ကြိမ်
မခံသိမခံသာနဲ့ ကြိတ်မနိုင် ခဲမရ
ဖြစ်ဖြစ်ရသည်။ စျေးအပြန်
လမ်းတစ်လျှောက်လုံး ပေရိုး ပွစိပွစိ
လုပ်လာတာကို တစ်ခွန်းမှ ပြန်မပြောဘဲ
လမ်းဘဲလျှောက်တာ။

ကျုပ်အရူးလားလို့ ပြောမိမှ..
ဟုတ်နေတာဘဲ လို့ ပြန်ပြောဖော်ရတယ်။
ဒီ သူကြီးနဲ့ သူ ဘယ်လိုမှ ကို
အဆင်မပြေတာဘာလေ။

ဝယ်ပြီးသား ပစ္စည်းတွေ ကို
လူတစ်ယောက်ကို ငွေပေးပြီး လှည်းနဲ့
ယုံယုံကြည်ကြည် ပို့ ခိုင်း ထားပြီး
သူတို့က ဆွမ်းကပ်ဖို့နဲ့ အလူဖိတ်ဖို့
ချိုချဥ် တွေသာ ပြန်သယ်ခဲ့သည်။

ဆိုင်ကယ် တစ်စီးလုံးနဲ့လာတာ
နည်းနည်းလောက် ယူသွားရအောင်လို့
ပြောတော့ ပြောမကောင်းတဲ့
သူကြီးစုတ် ကျော်ကြီးက..
မင်းတစ်ယောက်နဲ့ဒင် ငါ့ဆိုင်ကယ်က
လဲ မှာတဲ့ လေ။

မယူဘူး ဆို ပြီးနေတာဘဲကို
ပေရိုး ကို ပြောချင်လွန်းလို့ကို
တမင် ပြောသွားတာ။ အကျင့်ကို
မကောင်းဘူး။

ပေရိုး သူကြီး ကို စိတ်ထဲမှာ
တ်ခွန်မကျန် ပြန်ပြောရင်း
လိုက်လာခဲ့တာ ဆိုင်ကယ်ထားတဲ့
ခေါက်ဆွဲ ဆိုင်တောင် ရောက်လာခဲ့ပြီ။

'' ဟာ.. သူကြီး.. မိုးတောင်ချုပ်ပြီဗျာ''

'' အချိန်က အဲ့လို ဖြစ်သွားတယ်''

ဆိုင်ကယ် အပ်ထားတဲ့ အကိုက
ဆိုင်ကယ်သော့ ယူလာပေးတော့
ဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို
သူကြီးက သွားမောင်း ထွက်ခဲ့သည်။

ရွာနံဘေးက သူကြီးWhere stories live. Discover now