ရွာနံဘေးက ချစ်ရပါသော.. သူကြီးမင်း
အပိုင်း... ( 4 )
'' ရေလယ်ကျွန်း ဘက်ကမ်းမှ
ဦးစိုင်းလုံနှင့် ဒေါ်နန်းမေ တို့မှ
သင်္ကန်းထီးဖိနပ် တစ်စုံ..လာရောက်ပြီး
လူဒါန်း သွားဘာတယ်ခင်ဗျာ...
အခုလို လူဒါန်းရတဲ့ အကျိုးကြောင်း........''ရွာလယ် မြသပိတ် ဆွမ်းကျွေး မဏ္ဍပ်မှ
ကျယ်လောင်သည့် အလူခံဌာန လူကြီးများထံမှဆုပေးသံသည် တစ်ရွာလုံးတွင်မက
ဟိုဘက်ရွာအထိ
ကြားရသည်။ကထိန် ဖြစ်သည့်အလျှောက် လူဒါန်း
ကြသူတွေကလည်း အများအပြား။
ထိုအထဲကမှ ပေရိုး တို့မိသားစုက
ဒိုင်ခံ ကျွေးမွေးမည် ဖြစ်သည်။နံနက်ခင်း တစ်ခုလုံး ကြက်သရေရှိလှတဲ့
အသံတွေ ဝေဖြာနေပေမဲ့
ပေရိုးတို့ကတော့ စာင်ပုံကြား
ခေါင်းအမှီးတုတ်ပြီး အိပ်ကောင်း
တုန်းဖြစ်သည်။ဒေါ် နွေးလွင် အိမ်အောက် မှာထမင်း
ချက်နေရင်း အိမ်ပေါ်က
သားတော်မာင်ကို နိုးရသည်။'' ပေရိုး..! ပေရိုး..! ထတော့ ပေရိုး
ဘယ်အချိန်ရှိပြီလည်း နေဖင်ထိုးနေပြီကို
အခု့ထိ မထသေးဘူး.. ဟဲ့ပေရိုး
ငါနိုးနေတာ ကြားလား ''!ဒေါ်နွေးလွင် ဘယ်လောက်အာ်အော်
ပေရိုးတို့က သီချင်းဆိုတိတ်နေတယ်
တောင်ထင်အုန်းမည်။ တစ်ဖက်တောင်
စောင်းအိပ် လိုက်သေး၏။'' ရော် ဒီကလေး ကောင်းကောင်း
နိုးရင် မထဘူး.. ငါ ကြိမ်လုံးပါမှ
အိပ်ယာထမယ်ထင်တယ် '''' မိန်းမရယ် မင့်သားက ဘယ်အခါများ
ကောင်းကောင်းနိုးလို့ ရဖူးလို့လည်း
အောက်ကအော်မနေဘာနဲ့
အိမ်ပေါ် တက်နိုးစမ်းဘာ '''' ရှင်ကလည်း.. ကျွန်မ နိုးမရရင်
သွားနိုးလိုက်မယ် မရှိဘူး
ဦးမေ... အမေ ဟင်းအိုးတည်
ထားတယ် ခဏကြည့်လိုက်အုန်း '''' ဟုတ် အမေ ''
သားတော်မောင်ကို နိုးဖို့
ပန်းကန်တွေ ဆေးနေတဲ့ သမီးငယ်ကို
ဟင်းအိုးကြည့်ခိုင်းထားရသည်။အိမ်က ပျဥ်ထောင်အိမ် ဖြစ်ပြီး
အိမ်ပေါ်တက်ရန် ပေါင်လောက်မြင့်သည့်
ဖိနပ်ချွတ်ရန် လှေကားခုံ ပြု့လုပ်
ထားရသည်။ အိမ်က မြင့်တော့
လှေကား ငါးထစ်နဲ့ မလုံလောက်။
လှေကားခုံ အောက်မှာကို လှေကားထစ်က
နှစ်ထစ်လောက် ရှိသေးသည်။