ရွာနံဘေးက ချစ်ရပါသော... သူကြီးမင်း
အပိုင်း.... ( 17 )
'' ဆိုင်ကယ်ပေါ်က မဆင်းဘဲ
ဘာရပ်လုပ်နေတာလဲ နွေပေရ်ိုးလွှာ'''' ... ဟွန့်... ''
ကြည့် လူကို မဲ့ရွဲ့ ပြနေပြန်ပြီ။
အိမ်ရောက်နေတာကို ဆိုင်ကယ်
ပေါ်က မဆင်းဘဲပေတေ ထိုင်နေတာ။အခု့ဆို သွားတောင်းကူတဲ့ ကြီးတွေ
တောင်စုံလို့...အမေ နဲ့ ရွာက ကြီးကြီး
တွေ ကထမင်းခူးကျွေးနေပြီ။
သူလေးကအခု့ထိ ဒေါက်ထောက်
ထားတဲ့ ဆိုင်ကယ်ပေါ်မှာ လက်ပိုက်
နှုတ်ခမ်းထှော်ပြီး ခွ ထိုင်နေတုန်း။'' ပေရိုး ဆင်းခဲ့... ဧည့်သည်
တွေကို ထမင်းကျွေးကူ ရမယ်လေကွာ'''' ဆင်းဘူး... ခင်များ...သားကို
ရွတယ် ပြောထားတာ..'''' မဟုတ်လို့လား ''
'' ကြည့်... သားဘယ်မှာ
ရွ လို့လည်း..သားသူငယ်ချင်းက
ကောင်လေးရှိပြီးသား..မဟုတ်ဟုတ်က
မစွတ်စွဲနဲ့.... သူကြီး လုပ်ပြီး
အကျိုးအကြောင်းလဲ မစဥ်း
စားဘူး...သူများသားသမီးကို
စွတ်စွဲဖို့ကြီးဘဲ.. ကြားလည်း
ကြားဖူး ဘာဘူး ဒီလို သူကြီးမျိုး''ပြောနေလိုက်တာ။ စကားတတ်တိုင်း။
ဒီကလေးနဲ့တော့။ စိတ်ရှိတိုင်းတာ
ဆွဲရမ်း ပလိုက်ရလို့ကတော့
ကိုယ် အလွန်ဖြစ်ပြန်တော့မယ်။'' ကိုယ်က မင့် ယောကျာ်း....
ကိုယ့်အရှေ့မှာ တစ်ခြားသူ
ရင်ခွင်ထဲ ပြုံးပြုံးကြီးဝင်နေတဲ့
မင်းလေးကို... ကြည်ကြည် ဖြူဖြူ
ခွင့်ပြု့ပေးရအောင်...ကိုယ်က
သူတော်ကောင်းမဟုတ်ဘူး..
လာဆင်းခဲ့ .... ကြာကြာ ခေါ်
မနေချင်ဘူး... ဆင်းမလာရင်
တုတ်စာဘဲ...'''' ဟွန့်... ''
ဒီဟွန့်က တော်တော် ဇိန်ခေါ် ကောင်း
နေတာဘဲ။နွေပေရိုးလွှာက ထိုင်ထ
ဘဲ လုပ်နေရတော့ တုတ် ရဲ့အရသာ
ကို တစ်ကယ်မေ့နေတာဘဲ။လှေကား နားမှာ ထိုးဆိုက်ထားတဲ့
ဆိုင်ကယ်ကြောင့် ကျော်နိုင်ဝင်း
တုတ်ထားတဲ့နေရာနဲ့တိတ်မဝေး။
ဖင်တစ်လှည့် လှည့်လိုက်တာနဲ့
ကို တုတ်ကတွေ့နေရပြီ။