>>>Unicode <<<
"Park Chanyeol... !!!"
အိပ်ခန်းထဲက..အမိန့်အာဏာ အပြည့်အော်ခေါ်သံအဆုံးမှာ..ယောင်းမကြီးကိုင်ကာ..Chanyeol တစ်ယောက် မီးဖိုခန်းထဲကပြေးထွက်လာခဲ့သည်။
"လာပြီ အချစ်ရေ.."
တစ်ပတ်လောက်..ကြာမည်ဆိုသော..Baekhyun ကမနက်အစောကြီးရောက်ချလာပြီး..ဘာစကားတစ်ခွန်းမှမပြောပဲ..အပေါ်ထပ်တတ်သွားထဲက..အခြေနေမကောင်းတာ..Chanyeol အနည်းငယ်တော့ရိပ်မိသည်။
ဒါကြောင့်လဲ..Baekhyun ရေချိုးနေတုန်း..အမြန်မနက်စာ..စီစဥ်နေမိသည်။ စိတ်ထဲကလဲ..ရှိသမျှဘုရားအကုန်တနေရသည့် အဖြစ်
"ဒါက ဘာတုန်း..ခဗျားရှင်းစမ်း"
"ဟမ်..ဘာကိုတုန်း အချစ်ရဲ့"
"ကျုပ် အိမ်မှာမရှိတဲ့..သုံးရက်အတွင်း..ခဗျား ယွပိုးထိုးထားတာတွေလေ"
"ဟောဗျာ..ကိုယ်ဘာလုပ်မိလို့တုန်း..အချစ်ကလေးရဲ့"
"ဒီမှာကြည့်.."
Baekhyun Ph ကိုပြစ်ပေါက်လိုက်တာများ..ခရစ်ကတ် ကစားပွဲထဲက Fieldsman ( ဘောလုံးပြစ်ပေးသူ) ကျနေရော ။ Chanyeol အလျင်အမြန်ပဲ..လှမ်းဖမ်းလိုက်ရ သည် ။
မဟုတ်ရင် ဒီလထဲ..ph အသစ်ဝယ်ပေးရတာ လေးခါမြောက်ဖြစ်တော့မည်ကို ကြိုမြင်ယောင်နေမိသည်။
ph ကို ဖမ်းပြီး..အိမ်သူသက်ထားချစ်အူကြူးလေး ရဲ့ဒေါသတို့အရင်းခံ ရာကိုကြည့်မိတော့
CY pov: Wtf...
Ph ကိုကြည့်ပြီး..ဒေါသအိုးကွဲလေးရဲ့မျက်နှာကို ကြည့်မိတော့..ကုတင်ပေါ်တွင်ခြေချိတ်ထိုင်ကာ..လက်ကိုလဲ ဟန်ပါပါပိုက်ထားသည့် Baekhyun ရဲ့ အကြည့်တို့က
အဲ့ကိစ္စမရှင်းနိုင်ရင်..ခဗျားဒီနေ့သေနေ့စေ့ ပြီမှတ်ဆိုတဲ့မျက်နှာဘေးမျိုး။
Chanyeol ပြာယာခတ်စွာဖြင့်....Baekhyun ဘေးနားကုတင်ပေါ်လေး..အပြေးထိုင်မိတော့..'ဘုန်း' ဆိုတဲ့ မြည်သံနှင့်အတူ ကန် ချခံလိုက်ရသော..Pack Chanyeol ။
မျက်နှာငယ်လေးနဲ့..ကုတင်ခြေရင်းလေးမှာ..ဒူးထောက်ထိုင်ရင်း..Baekhyun လက်လေးကိုလှမ်းကိုင်မိသည်။

YOU ARE READING
🍒Love Knot🍒
Fanfiction" မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်ကြောက်တယ်ပေါ့) (ဟ ဒါကကြောက်တယ်လို့မခေါ်ဘူးကွ ။ ချစ်တာ..ချစ်တာ..) # LotusAhri 🥀 " မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်...