Episode -2

264 26 6
                                    

>>>Unicode <<<

🍒မင်္ဂလာ ပွဲ နေ့🍒

သတိုး သမီးနားနေခန်းမှာ...ဖြစ်သည်။
အထပ်ထပ်စည်းနှောင်ခြင်း ခံထားရသော...အဝတ်စားတို့ကြောင့် စိတ်ရှုပ်မိသည်။

ပိုဆိုးသည်က..Baekhyun ရဲ့ အမေနဲ့အမေက ဘယ်တုန်းက..ရှေးရိုးဆန်သွားကြသည် မသိ။ မင်္ဂလာပွဲအပြင်အဆင်ကအစ..ဝတ်ရတဲ့ဝတ်စုံတွေအထိ..အကုန်ဂျိုဆွန်းခေတ် ပြန်ရောက်နေသလိုပင် ။

ပြီးတော့..ပိုက်ဆံမတတ်နိုင်သည်လဲ မဟုတ် အဘယ်ကြောင့်..ဒီတောင်ကုန်းပေါ်မှာမင်္ဂလာပွဲ လုပ်ရသည်ကိုလည်း..လုံးဝနားမလည်နိုင်ပါ။

" အေးပေါ့...အဖိုးကြီးနဲ့ မင်္ဂလာဆောင်ရမှာဆိုတော့..ဒီလို..အပြင်အဆင်မျိုးက.. "

သက်ပြင်းအကြိမ်ကြိမ်ချ မိသည်။..ဒီလိုမျိုး..ငြင်းဆန်နိုင်စွမ်းရှိမနေတဲ့ သူ့ဘဝကြီးကိုလဲ မုန်းပါသည်။

ထိုစဥ်အခန်းထဲ ဝင်လာသော...Kai နဲ့ Noona

"ဟျောင့် ...Baekhyun မင်း...လှလိုက်တာ"

"မင်း..ဘိုးအေးကိုလှ"

"တကယ်ပြောတာ..မင်းမှန်မကြည့်ရသေးဘူးလား"

"ကြည့်ချင်စိတ်မရှိပါဘူးကွာ.."

အခန်းထောင့်တွင်..ပဝါအပါးသားနဲ့ ခြုံထားသောကိုယ်လုံးပေါ်မှန်ကြီးကိုကြည့်ရင်း..စိတ်ပျက်လက်ပျက်ပြောမိသည်။

တကယ်လဲ ကြည့်ချင်စိတ်ရှိမနေခဲ့ပါ။..ရှေးဆန်လွန်းတဲ့ရိုးရာဝတ်စုံကြီးနှင့်..စိတ်ပျက်စရာကောင်းနေမည့်..သူ့ပုံစံကိုတွေးကြည့်မိတာနဲ့တင်..သေလို့ရနေပြီမို့။

ထိုစဥ်..Kai က..စိတ်ပျက်လက်ပျက် ထိုင်နေသော..Baekhyun ကို ချိုင်းအောက်ကနေဆွဲမကာ..မှန်ရှေ့တွင်  ရပ်စေသည်။

ထိုနောက်..Baekhyun ကိုမပ်တပ်ရပ်လျက်သား..အနောက်ကနေချုပ်ထားသည်။

လက်မြန်သည့် Noona  ကလည်း..မှန်ပေါ်က..ပုဝါအရှည်ကြီးကို..ဆွဲဖယ်ပြစ်လိုက်သည်။

"ဟင်....."

ရုံးကန်နေသော..Baekhyun သည် မှန်ပေါ်မှာ..မြင်လိုက်ရသော..မိမိပုံရိပ်ကြောင့်ပြောစရာ..စကားတို့ပျောက်ဆုံးရကုန်တော့သည်။

🍒Love Knot🍒Where stories live. Discover now