Episode -3

201 19 0
                                    

>>>Unicode <<<

မင်္ဂလာဦးညမင်္ဂလာဦးည

Baekhyun တစ်ယောက် ကုတင်ပေါ်မှာ..ကွေးကွေးလေးထိုင်နေမိသည် ။ ဆေးထိုးသွားသော ငမဲကောင်ရဲ့ စကားတွေကနားထဲမှာ အခုထိ ကြားနေရတုန်း ။

" Baekhyun.. သူငယ်ချင်း ရော့ဒါ မင်းအတွက် "

ရုပ်တည်နဲ့..အတင်းထိုးပေးလာသော..Kai လက်ထဲမှ..ဗူးငယ်လေးကို..ယူကြည့်လိုက်သည်။

"ဒါက..ဘာကြီးတုန်း"

"ချောဆီလေ.."

"...."

ထို့နောက်..ဘေးဘီကိုတစ်ချက်ဝဲ ကြည့်ကာ..Baekhyun အနား လေးကပ်ပြီး..တိုးတိုးလေးပြောပြီးထွက်ပြေးသွားသည်။ မပြေးလို့လဲ..မရ ကိုယ့်သူငယ်ချင်းအကြောင်းကိုယ်သာအသိဆုံးဖြစ်သည်။ အကောင်သေးပြီး..လက်သံပြောင်ချက်က..တကယ့်ကိုလက်လန်သည်။

Kai ရဲ့ စကားကြောင့် baekhyun ရဲ့မျက်နှာတစ်ခုလုံး..ခရမ်းချဥ်သီးတစ်လုံးလို..ရဲတွတ်သွားသည်။ အာချောင်လှတဲ့မျက်နှာရူး ..ကောင်ကို လှမ်းဆွဲပေမဲ့..မမှီတော့ ။အပြေး တစ်ပိုင်းနဲ့...

" မနက်ဖြန်..အသက်ရှင်လျက်မြင်ချင်ပါတယ်..ချင်ဂူး"

အကျယ်ကြီးအော်ပြောသွားသော စကားကြောင့်..ပွဲထဲက လူတချို့က..သိအောင်တစ်မျိုးမသိအောင်တစ်မျိုး လှမ်းကြည့်လာကြသည်။

တချို့တလေ ကလဲ..ပြုံးစိစိနဲ့ပင်..။

ရှက်လွန်း၍သာ..မျက်နှာကိုအုပ်ပြီး..ထွက်ပြေးလာရသည်အထိ..။

"နောက်နေ့ကျမှ..အမိဖမ်းပြီး..လည်လိမ်ချိုးပြစ်မယ်"

..........
အိပ်ခန်းထဲတွင်..

ကျွီ....

အခန်းတံခါးဖွင့်သံကြောင့်...အတွးလွန်နေခဲ့တဲ့
Baekhyunအသိအာရုံတို့က..လက်ရှိအခြေနေကိုပြန်ရောက်လာခဲ့သည်။ ရေချိုးခန်းထဲမှ..ထွက်လာသော..Chanyeol ကိုလဲ..သူမော့မကြည့်မိ ။

ရေချိုးခန်းမှ..ဗီဒိုဘက်ဆီသို့..ဦးတည်နေသော..ခြေသံတို့ကိုသာနားစွင့်နေမိသည်။ တံခါးဖွင့်သံမှ..အဆုံးအဝတ်စား လဲနေသည့်အသံတွေအထိ အကုန်အသေးစိတ် ကြားနေရသည်။ ထို့နောက်..အိခနဲကျသွားသော..ကုတင်တစ်ဖက်ခြမ်းကြောင့် ရင်ထဲမှာထိတ်ခနဲ..

🍒Love Knot🍒Where stories live. Discover now