>>>Unicode <<<
Flash Back End
"ကိုကို..."
Baekhyun တစ်ယောက် အိပ်ယာနိုးနိုးချင်း..အရင်ဦးဆုံးလုပ်နေကြအရာသည် မိမိဘေးက နေရာကိုမျက်လုံးမဖွင့်ပဲ လက်နဲ့လိုက်စမ်းခြင်းဖြစ်သည်။
လစ်ဟာနေသော ကုတင်တစ်ဖက်ခြမ်းကြောင့်..Chanyeol အိပ်ယာမှာမရှိတော့သည် ကိုသိသည်။
စိတ်ထဲမှာသိပ်အလိုမကျ ။ကိုယ်အတွက်မနက်ဆာ ပြင်ပေးနေမယ်မှန်းသိပေမဲ့...နိုးလာတဲ့အချိန်တိုင်းChanyeol ရဲ့..ရင်ခွင်ကျယ်ကြီးထဲမှာထွေးပွေ့ထားတာ ကိုခံချင်ခဲ့သည်။အိပ်မောကျနေမယ့် ကိုယ့်ကိုကြည့်ပြီး..တဖွဖွ နမ်းနေမည့်..ကိုယ့်ရဲ့ အမျိုးသားအနမ်းတို့ကို တဝကြီးမိန်းမောစွာခံယူပြီး..နေ့တစ်နေ့ရဲ့အစကို..ဖြတ်သန်းချင်မိသည်။
သို့ပေမဲ့..
အိမ်ထောင်သက်တမ်း တစ်နှစ်ကြာသည်အထိ ဘာမှ မဘာ ရသေးသော ကိုယ့်အဖြစ်ကိုယ်..သနားမိသည် ။
ပါးစပ် ကနေသာချစ်တယ်လို့တဖွဖွ ပြောနေသော ထိုလူ ကြီးသည် တကယ့်လက်တွေ့မှာ တော့ ကလေးတစ်ယောက်လို ဆက်ဆံတာ အဖြစ်မပိုခဲ့ ။ မနက်တိုင်း အဆင်သင့်ဖြစ်နေသော မနက်ဆာနဲ့ ထမင်းချိုင့်ဗူး ။ ညအိပ်ခါနီးတိုင်း..လက်ထဲကိုရောက်လာတတ်သောနွားနို့ခွက်တစ်ခွက် ။
Baekhyun အိပ်မပျော်သည့် ညတွေဆို..ရင်ခွင်ထဲထည့်ပြီးပွေ့ဖက်ကာ...နှဖူးလေးကိုခပ်ဖွဖွနမ်းပေးတတ်သည်။
အလွန့်အလွန်..ဆုံးမှ နှုတ်ခမ်းကိုထိကပ်ရုံသာနမ်းတတ်သော..ထိုလူကြီးကို Baekhyun လုံးဝမကျေနပ်ပါ ။
"ကိုကို....ကိုကိုရေ..."
သုံးခွန်းလောက် ဆက်တိုက်ခေါ်နေလည်း..ပြန်ထူးသံမကြား။ အိပ်ယာနိုးနိုးချင်းမကြည်သော စိတ်တို့က ပို၍ပင် အခြေနေဆိုးလာသည်။
" ဟိတ်လူ..."
ဒါလဲ..မထူးပေ။ ထူးသံမကြားသည့်အဆုံး..အိပ်ချင်မူးတူးနဲ့..အောက်ထပ်ကိုဆင်းလာလိုက်သည်။ မီးဖိုခန်းထဲရှာကြည့်တော့လဲမတွေ့ ။
ခြံထဲ ဆင်းကြည့်မှ..ပန်းပင်တွေကိုရေလောင်းနေသော..Chanyeol ကိုတွေ့သည်။ ခပ်နွမ်းနွမ်း နို့နှစ်ရောင်..အိင်္ကျီကို..အိမ်နေရင်းဝတ်ချည်သားဘောင်းဘီအရှည်နဲ့ တွဲဝတ်ထားသော..ကျွန်တော့ရဲ့အမျိုးသားက ဆံပင်ကပိုကယိုနဲ့..ဘာမှမပြင်မဆင်ထားတာတောင် သိပ်ကိုဆွဲဆောင်မှုရှိနေသည်။

YOU ARE READING
🍒Love Knot🍒
Fanfic" မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်ကြောက်တယ်ပေါ့) (ဟ ဒါကကြောက်တယ်လို့မခေါ်ဘူးကွ ။ ချစ်တာ..ချစ်တာ..) # LotusAhri 🥀 " မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်...