Episode-4

212 22 1
                                    

>>>Unicode <<<

"နင်ဒီနေ့ ငါ့အိမ်ကိုလိုက်မှာလား"

"ဟင့်အင်း..ဒီနေ့ ငါ့အမေ ဆေးရုံကဆင်းမှာဟ"

" ဆေးရုံ..အန်တီ ဘာဖြစ်လို့လဲ"

"နင်က ဝေးလိုက်တာ..အမေက အငယ်လေးကို မွေးပြီးပြီ ဒီနေ့ ဆေးရုံကဆင်းလို့ရပြီတဲ့..ငါအရင်ရက်တွေထဲကသွားကြည့်မလို့..စာမေးပွဲ ကြောင့် ငါ့အဖေက မသွားခိုင်းဘူး.."

" အော်..."

"နင်လိုက် ကြည့်မလား..မွေးခါစကလေးလေးဆိုတော့ သေးသေးလေးဖြစ်နေမှာဟ..အူယားစရာလေး"

"ဖြစ်ပါ့မလား..နင်ကလဲ"

"ဘာလို့မဖြစ်ရမှာတုန်း..ဖြစ်တယ် ။ အဲ့အသေးလေးက..ငါ့အမေဗိုက်ထဲမှာ 9လ လောက် ဘယ်လိုများနေခဲ့လဲ မသိဘူးဟယ်.."

"အင်း..အဲ့တာလဲ ဟုတ်တယ်နော် "

"ဘယ်လိုလဲ..လိုက်မယ်မှတ်လား.."

"အေးဟာ..ပြီးရင်တော့နင် အိမ်ပြန်လိုက်ပို့ပေးရမယ်မှတ်..အိမ်ပြန်နောက်ကျရင် ငါ့အဖေကဆူမှာ"

"အမလေး..နားကား ကောင်ရယ်အိမ်ကအဝေးကြီးကျနေတာပဲ..ဘေးချင်းကပ်ရပ်ကို"

"မသိဘူးဟာ..လိုက်ပို့"

"အေးအေး..ငါပဲ လိုက်ပို့မယ်..ဟုတ်ပြီလား"

"အေး..ဒါဆိုသွားရအောင်..ငါကြည့်ချင်နေပြီ"

ကျောပိုးအိတ်လေးကိုယ်စီနဲ့..အသက် 10 နှစ်အရွယ် ကလေးနှစ်ယောက်..လက်ချင်းတွဲလို့..Byun အိမ်တော်သိုအမြန်ပြေးကြတော့သည်။

......

Byun အိမ်တော်..

" အမေရေ..အမေ သမီးပြန်ရောက်ပြီ..ဘေးအိမ်က yeollie လဲပါတယ်.."

"ဟဲ့ သမီးကြီး..တိုးတိုး..အပေါ်မှာနင့်မောင်လေးအိပ်နေတယ်..နိုးသွားမှဖြင့်"

"အော်..ဟီး..ဟုတ်ဟုတ်"

ဆံပင်ဂုတ်ဝဲလေးနဲ့..ကလေးမလေးက နှုတ်ခမ်းကိုအသာလေးလက်နဲ့အုပ်ပြီး..တိတ်တိတ်လေး..ရီပြသည်။ သူငယ်ချင်းဖြစ်သူကိုလဲ..တိုးတိုးနေဟူသော..ပုံစံနဲ့ နှာတ်ခမ်းပေါ်..လက်ညှိုးတင်ပြီး..

🍒Love Knot🍒Where stories live. Discover now