Episode -1

314 29 0
                                    

>>>Unicode<<<

ကျွန်တော်က Byun Baekhyun..အသက် 19 နှစ် အရွယ်ရှိတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ယောက်ပေါ့ ။

ပုံမှန် ကျွန်တော် အသက်အရွယ်အရ ဆို ရင် တက္ကသိုလ် ကျောင်းတစ်ခုခုမှာ သေချာပေါက် အထူးပြုဘာသာရပ်တစ်ခု အတွက် လုံးပန်းနေတဲ့ သာမာန်ကျောင်းသားလေးတစ်ယောက် ပဲ ဖြစ်နေသင့်တာပေါ့နော် ။

ကျောင်းပုံမှန်သွားမယ်..၊ ကျောင်းက အသင်းကလပ်တွေမှာလဲ..ပုံမှန် တက်ကြွ ပါဝင်လှုတ်ရှားနေမယ် ။ စာကလွဲ ပြီး..အပူပင်မရှိအေးဆေးဖြတ်သန်းမယ်ပေါ့ ။

တကယ်လဲ..ကျွန်တော့်ဘဝ ကိုအဲ့လိုလေးပုံမှန်ဖြတ်သန်းလာခဲ့တာပါ..။

ဒါပေမဲ့...ကျွန်တော့်အသက် 18 နှစ်ပြည့်တဲ့ နေ့မှာ..အိမ်က လူတွေက ကျွန်တော်အတွက်အကြီးမားဆုံးသော..မွေးနေ့လက်ဆောင်ကြီးတစ်ခု ကိုပြင်ဆင်ပေးခဲ့ ကြတယ်။

ကျွန်တော့် ဘဝကြီးတစ်ခုလုံးဂျွမ်းထိုးမှောက်ခုံဖြစ်သွားစေတဲ့..လက်ဆောင်ကြီးပေါ့။

လွန်ခဲ့သော်..တစ်နှစ်ခန့်က...,

တကယ့်ကို စနစ်တကျကြိုတင်ကြံစည်မှု ကြီးနှင့်အတူ..ကျွန်တော်ထပ် အသက် 10နှစ်ကြီးတဲ့..သူနဲ့ စေ့စပ်ကြောင်းလမ်းခြင်းဆိုတဲ့ ခေါင်းစဥ်ကြီးအောက်မှာ..ဘယ်ကမှန်းမသိတဲ့ အဖိုးကြီးတစ်ယောက်ကိုလက်ခံခဲ့ရတယ်။

အံ့သြရုံမှ တစ်ပါး..မည်သည့်စကားမှ ပြောမထွက်နိုင်တော့တဲ့ကိုယ်က..ကိုယ့်ရဲ့ မွေးနေ့..Party ကြီးမှာ..ပါးစပ်အဟောင်းသားနဲ့ မတ်တပ်မေ့နေခဲ့သည်။ 18 နှစ်ပြည့်မွေးနေ့လေးမှာနော် ။

အဲ့တာကြောင့်... ဒီနှစ်ကျင်းပ တဲ့ကျွန်တော်ရဲ့..မွေးနေ့ကအရင်နှစ်တွေထက်..ပိုခမ်းနားကြီးကျယ်နေခဲ့သည်ကိုးး။ ပွဲအတွင်းမှာလဲ..ကျွန်တော်ကိုယ်တိုင်တောင်မမြင်ဖူးတဲ့..ဧည့်သည်ပေါင်းများစွားရှိနေခဲ့သည်မှာ..ဤအကြောင်းရင်းကြောင့်ပဲ ဖြစ်လိမ့်မည်။

🍒Love Knot🍒Where stories live. Discover now