Unicode....
"မိန်းမဆိုတာ..မရှိမကောင်းရှိမကောင်းတဲ့"
"ဟ..ဆိုစမ်းပါဦး Hyung ရ ၊ ဘယ်လိုမျိုးတုန်း"
ရယ်ကျဲကျဲနဲ့..Sehun ကမေးတော့..
Chanyeol တစ်ချက်သက်ပျင်းချရင်း..ရှေ့က ဝီစကီခွက်လေးကို..အသာမော့ချပြစ်လိုက်တယ် ။ရေခဲသုံးလေးခု လောက်ထည့်ကာ..စိမ်ထားတဲ့ ထိုဖန်ခွက်ထဲက အရည်တစ်ချို့က အထိအတွေ့အေးစက်စက်နှင့်မတူစွာ..လည်ချောင်းထဲသို့..ပူပြီးဆင်းသွားလေသည်။
Sehun အမေးကို ပြန်ပြောဖို့ရာကျပြန်တော့လဲ..ပြောပြရခက် ။ ...ကိုယ့်ရဲ့..အိမ်သူသက်ထားလေးကို..မိန်းမဟု သုံးနှုန်းဖို့ကလဲ ပြောရတော့ခက်သား..ကိုယ်ယူထားတာက ယောကျ်ားလေး ။
ယောကျ်ားမှ ယောကျ်ား စစ်စစ် ၊ ယောကျ်ားစစ်လိုက်တာမှ..မွေးရာပါ အတတ်ကလေး တောင် ပါသေးတယ်။
ဒေါသကလဲ..ကြီးလိုက်တာလွန်ရော
လူပု စိတ်တို..ဆိုတာမျိုးပေါ့..
ထစ်ခနဲဆို..လက်ကအရင်ပါပြီးသား..Chanyeol မင်း..ဒီနေ့ပြောဖြစ်ဦးမှာလား..
သက်ပြင်းတစ်ချချနဲ့...ပြောဖို့အရေးကို စဥ်းစားခန်းဝင်နေတဲ့..Chanyeol ကို Sehunတစ်ယောက်စိတ်မရှည်တော့ပါ။
စဥ်းစားကြည့်ကြစမ်းပါ..ညကြီးမိုးချုပ်..ကိုယ်တွေကိုအသည်းအသန် ph ဆက်ခေါ်လို့ အပြေးလာခဲ့ရတာ ။ ညအိပ်ဝတ်စုံကြီးနဲ့..။ Sehun ဆို Eye mask ကြီးတောင်..အစစ်ပါသေး။
ဒါကို..ဒင်းက..ရောက်ကတည်းက..ဘာမှမပြော။ သက်ပြင်းတွေကြီး လှိမ့်ချနေတာ..။
"ရန်ဖြစ်လာတာကွာ.."
"အော်.."
နှစ်ယောက်လုံး..ပြိုင်တူ အသံထွက်မိသည်။ ChanBeak အတွဲ ရန်ဖြစ်သည်ဆိုသည်မှာ..သူတို့အတွက်အထူးအဆန်းမဟုတ်။ အမြဲတမ်းလိုလိုကြားနေရခြင်းပင်..
"ဘာများလဲ လို့ hyung ရာ..ဖြစ်နေကြပဲကို..အထူးအဆန်းလုပ်လို့"
"အေးလေ..ငါတို့မှာတော့..တကယ်အရေးကြီးကိစ္စထင်လို့..ပြေးလာလိုက်ရတာ"
"ပြီးရင်လဲ..Hyung ပဲ..သွားပြန်ချော့မှာကို"
"ဒီတစ်ခါတော့..တကယ် ၊ ငါဘက်က..လုံးဝမလျှော့ပေးနိုင်ဘူး.."

YOU ARE READING
🍒Love Knot🍒
Hayran Kurgu" မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်ကြောက်တယ်ပေါ့) (ဟ ဒါကကြောက်တယ်လို့မခေါ်ဘူးကွ ။ ချစ်တာ..ချစ်တာ..) # LotusAhri 🥀 " မိန်းမ ရိုသေ အသက်ရှည် မိန်းမရှစ်ခိုး သွားမကျိုး" (အံမယ် လေး Chanyeol ရာ ကြောက်ရင်...