"ခွမ်း"
"မင်းဒီလောက်တောင် အသုံးမကျဘူးလား"
ကျကွဲသံနှင့်အတူ ထွက်ပေါ်လာသည့်
ဩဇာအပြည့်နှင့် ငေါက်ငန်းသံသည်
ဆိုးလ်၏ ရွှေဇွန်းများ နေထိုင်ရာ ဂန်းနမ်ရှိ
ခြံ၀န်းကျယ်ကြီးထံမှ ထွက်ပေါ်လာခြင်းပင်။ထိုခြံ၀န်းကျယ်ကြီးတွင်တော့ ခမ်းနား
ကြီးကျယ်လှသော တိုက်အိမ်ကြီးရှိလေ၏ယခုဆူညံသံများလာရာကတော့ အိမ်အတွင်း
မှ ဧည့်ခန်းကျယ်ကြီးအတွင်းမှပင်။မြင်ရုံနှင့်ပင် ဈေးကြီးမှန်းသိသာသော
ခန်းစီးဇာများသည် ညည့်လေအေးကြောင့်
ဖျက်ဖျက်လွင့်လူးနေတော့သည်။ဧည့်ခန်းအတွင်းမှ အစိမ်းနုရောင် ဆိုဖာခုံများ
ပေါ်တွင် အိမ်၏အမျိုးသားဖြစ်ဟန်တူသော
အသက်၅၀အရွယ် ကိုယ်ဟန်ဖို့ဖို့လူကြီး
တစ်ယောက်သည် ဒေါသများကြောင့်ထင်
နဂိုဖြူသော မျက်နှာထက် နီရဲသော
အဆင်းသဏ္ဍာန်ဖြင့်။ထိုလူကြီး၏ ဘေးခပ်လှန်းလှန်းတွင်
အမျိုးသမီးတစ်ယောက်သည်လည်း
ကြောက်လန့်တကြားမျက်နှာဖြင့် ရို့ရို့လေး
ထိုင်နေလေ၏သူတို့နှစ်ယောက်လုံး၏ အကြည့်များ၏
လားရာမှာတော့ နဖူးမှ သွေးများထွက်လျက်
ဒူးထောက်နေသည့် လူငယ်လေးတစ်ဦးဆီမှာ။လူငယ်နှင့် ဆိုဖာခုံများ၏ ကြားထဲတွင်တော့
ဆုတ်ဖြဲခံရသော စာရွက်အပိုင်းအစလေး
များဟာ ခန်းဆီးဇာမှတိုး၀င်လာသော
လေညင်းများ၏ အကူအညီဖြင့် အပြင်သို့
ပြေးထွက်ရန် ကြံနေကြလေသည်။"မင်းကို ငါနှစ်အစကတည်းက ဘာပြောခဲ့လဲ
တစ်ကျောင်းလုံးအဆင့်တစ်ဆိုတာပဲ
လိုချင်တယ်လို့ ငါမင်းကို ဈေးကြီးတဲ့
ကျူရှင်တွေထားပေးခဲ့တာ အခုလို
တစ်ဆယ်ဆိုတဲ့ ရလဒ်လိုချင်လို့များ
မင်းထင်နေလား""တောင်းပန်ပါတယ်"
တိုးညင်းလှသော ကောင်ငယ်လေး၏
တောင်းပန်သံဟာအမျိုးသား၏
ဒေါသကို လောင်စာထည့်ပေး
လိုက်သည့်ပမာပင်။"တောင်းပန်ရုံနဲ့ မင်းက အဆင့်တစ် ပြန်ဖြစ်
သွားရောလား ဒီနှစ်တွေဘယ်လိုဖြစ်နေတာလဲ
ဟုန်းဆွန်းဟန် စာကိုရော စိတ်၀င်စားလား"
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.