အထက်စီးဆန်ဆန် တောင်းဆိုချက်က တရားလွန်လှပေ၏ Share အများဆုံး Kang Group ကို မထီမဲ့မြင် ပြုရာလည်း ရောက်ပေသည်။
သို့ရာလည်း ဤသည်ကို Hong Seungminက ဂရုစိုက်နေပုံမရ။ သူ၏ မျက်၀န်းအကြည့်တို့က Hale Kang ၏ မျက်နှာပေါ်တွင် ကျောက်ချလျက်။
အံ့ဩစရာ တစ်ချက်ကလေးမှ မျက်နှာပျက်သွားခြင်းမရှိတဲ့ Hale Kang ဟာ အချိန်အများကြီးတောင် မယူပဲ အပြုံးမပျက် Hong Seungmin ၏ တောင်းဆိုမှုကို ပြန်လည် တုန့်ပြန်လေသည်။
"OK ကျွန်တော်တို့ဘက်က အရင်တောင်းဆိုထားတာပဲ ဒီအချက်တွေလောက် ကျွန်တော်ဂရုစိုက်စရာအကြောင်း မရှိပါဘူး အကူအညီလိုရင်လည်း ပြောပါ ကျွန်တော်တို့ Kang တွေက ကူညီပါလိမ့်မယ်"
တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးကြုံရသည့် အစည်းအဝေးပါပေတည်း။ အကျိုးအမြတ်က မည်သူဘက်က အများဆုံးရသွားသလဲ
Kang Group ကလား Hong Group ကလား
မည်သူတစ်ဦးတစ်ယောက်မှ မစဉ်းစားတတ်တော့ပဲ Share ရှင်များ အစည်းအဝေးပြီးဆုံးသွားခဲ့၏ညနေခင်း Evening သတင်းတွေမှာတော့ Hong Group ရဲ့ CEOနေရာကို Hong Seungmin ကပဲ ဆက်လက် ထိန်းသိမ်းထားကြောင်း ပါ၀င်လာ၏ Hale Kang နဲ့ ပက်သက်သည်မှာ စွန်းစွန်းစစမျှပင် ပါ၀င်မလာခဲ့။ Share အများဆုံး Kang Group ကို Media အများစုက ဆက်သွယ်မေးမြန်းခဲ့ကြသော်လည်း အတွေ့ပင်မခံပဲ Kang အဆောက်အဦးထဲသိူ့ ၀င်ခွင့်ပင် မရခဲ့ကြဟု ကြားသိနေရသည်။
"ဒယ်ဒီ ပါတီလုပ်ဦးမှာလား ဒီနေ့ည"
တစ်ခုခုအောင်မြင်တိုင်း ပါတီဆင်နွှဲတတ်တဲ့ ဒယ်ဒီရဲ့အကြောင်းကို နောကျေနေအောင် သိသူမို့ မေးလိုက်သေည်ငြား တကယ်လုပ်မယ်ဆို သူတော့စိတ်ပါမနေ။ မပြုံးချင်ပဲ တစ်မနက်လုံး ပြုံးထားရသလို သူ့အားစူးစိုက်ကြည့်တတ်သော Hale Kang ကြောင့်လည်း စိတ်တို့ပင်ပန်းရပါ၏ နားချင်သော်လည်း ဒယ်ဒီအရှေ့ မပြောရဲပါ။
"အဘိုးကြီး Wangရဲ့ Hotel မှာ ဒယ်ဒီတို့ လူကြီးပိုင်းသီးသန့် ညစာစားပွဲလုပ်မယ်ပြောတယ် အဲသက်ကြားအိုကြီး ဘာတွေထပ်ကြံဦးမလဲ မသိနိုင်ဘူး သားလိုက်ချင်သေးလား"
"သားနားတော့မယ် ဒယ်ဒီ မနေ့ကတည်းက Landon က ပြန်ရောက်လာပြီး သေချာမနားရသေးဘူး"
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.