အရှေ့သို့ ဦးတည်ရာမဲ့ ဆက်သွားနေရင်း
လမ်းမီးတိုင်အောက် တစ်နေရာတွင်
လူတစ်ဦးကို မထင်မရှားတွေ့မြင်ရလေသည်။ဒီလို ညည့်နက်နက်မှာ အဖော်မဲ့စွာ
မီးရောင်အောက်က ထိုလူဟာ သာမာန်အချိန်
တွင်မူ သူ့အားကြောက်လန့်စေနိုင်သော်လည်း
ယခုကဲ့သို့ စိတ်နှင့်လူနှင့် မကပ်သည့်အချိန်မှာ
တော့ မည်သို့မျှ မခံစားရချေ။ဒါကြောင့် ပြောကြတာပေါ့ လူတစ်ဦးကို
ခြိမ်းခြောက်ရင်တောင် စိတ်နဲ့လူနဲ့
မကပ်နေခဲ့ရင် အရာမထင်ကြပေဟု။ထင်ထင်ရှားရှားတွေ့မြင်လာခဲ့သော
မီးရောင်အောက်က ထိုသူဟာ
ဆောင်းဦးညည့်လေအေးအေးကို မမှုသည့်အလား စွပ်ကျယ်ချိုင်းပြတ်တစ်ထည်တည်း
ဖြင့်။အနားတစ်ဖြည်းဖြည်းတိုးသွားခဲ့ပေမယ့်
သူ့အား အာရုံမစိုက်နေမှန်းသိသာလွန်းစွာ
ပါးစပ်တွင် ခဲထားသည့် စီးကရက်ကိုသာ
မီးညှိနေ၏ ထို့နောက် ဖွာကနဲ့ တစ်ဖွာရှိုက်
လိုက်သောအခါ စီးကရက်မှ ရဲတတ်လာသော
မီးရောင်လေးကို သူမမှိတ်မသုန်ကြည့်နေမိ
တော့သည်။"ကောင်လေး အိမ်ကထွက်ပြေးလာတာလား
ဒီအချိန်က မင်းတို့အရွယ်တွေ
လမ်းပေါ်ရှိနေရမယ့် အရွယ်မဟုတ်ဘူး"အရေးမစိုက်
ထိုသူပြောတာ သူအရေးမစိုက်ချင်
ထို့ကြောင့် သူ့ပါးစပ်မှာ ခဲထားသည့်
စီးကရက်ကိုသာ ထိုသူ၏နှူတ်ခမ်းထောင့်
မှာ နေရာယူထားသည့် စီးကရက်မီးရဲရဲ
ဖြင့် အချိန်အတန်ကြာတို့ထိနေလိုက်သည်။တစ်ယောက်နှင့် တစ်ယောက်မသိကြပါပဲ
၀င်လေထွက်လေကို နီးကပ်စွာ ထိတွေ့
နေခြင်းမှာ စီးကရက်တစ်လိပ်မီးညှိရန်
အတွက်သာဆိုတာ တစ်ခြားသူတွေကို
ပြောပြရလျှင်ဖြင့် ယုံကြမည်မဟုတ်တန်ရာ။လှသည် ယောကျာ်းလေးတန်မဲ့ ထိုလူသား၏
မျက်လုံးလေးများဟာ သိပ်ကိုလှသည်။အချိန်အတော်ကြာ ထိုလူသား၏
၀င်သက်ထွက်သက်များကို ရေတွက်ကာ
အံ့အားသင့်နေတဲ့ မျက်၀န်းလှလှလေးကို
ငေးကြည့်နေမိခြင်းမှ သူရုန်းထွက်လိုက်သည်။
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.