"တီ တီ တီ တီ..........."
အဆုံးမရှိတဲ့ နှိုးစက်သံကြောင့် အိပ်ရေး
မ၀သေးတဲ့ Seunghan တစ်ယောက် စိတ်ညစ်
ညူးစွာ နိုးလာခဲ့ရသည်။မနေ့ညကမှ Landon ကပြန်ရောက်သော်
လည်း အနားယူခွင့်မပေးပဲ Company
Sharing Meeting ကို တတ်ရမယ်
ဆိုသော ဒယ်ဒီ၏ အမိန့်ဆန်သော
စကားတစ်ခွန်းကြောင့် မျက်လုံးတို့ကို
အားယူကာ ဖွင့်မိလိုက်သော်လည်း
ညက အဖြစ်အပျက်များကို
တွေးမိသွားပြန်သည်။"ငါ့သားလေး လာပါဦး ဒယ်ဒီ့ဆီကို"
အိမ်ထဲ၀င်၀င်ခြင်း လက်ကြီးဆန့်တန်းပေး
လာသော ဒယ်ဒီ့ရင်ခွင်ထဲကို ပြေး၀င်
သွားလိုက်ကာ ခုနှစ်နှစ်ကျော် ရှစ်နှစ်နီးပါး
လွမ်းနေရသော ရင်ခွင်ထဲသို့
ပိုလို့ တိုးဝှေ့မိသည်။"ကလေးလေးလားကွာ အသက်ကပဲ
25နှစ်ရှိနေပြီ ဒယ်ဒီ့သားက အခုထိ
ကလေးလုပ်လို့ ကောင်းတုန်း"သူ့အား ဆူပူသလို ပြောနေပေမယ့်
ဒယ်ဒီ၏ မျက်နှာမှာ အပြုံးတို့ ဝေဆာ
လျက်ရှိပေ၏တိတ်ဆိတ်နေသော အိမ်ထဲကို မျက်လုံး
ဝေ့ကြည့်မိတော့ နှုတ်ဆိတ်ကာ တာ၀န်
ကိုယ်စီရှိနေကြသော Maidများကြောင့်
တိတ်ဆိတ်နေ၏"ဒယ်ဒီ မာမီကို ဘယ်မှာထားလဲ ကျွန်တော်
မနက်ဖြန်ကျ သွားတွေ့မယ်"ရုတ်ချည်းတည်ကြည်သွားသော ဒယ်ဒီ၏
မျက်နှာသည် တစ်ခုခုကို တွေဝေနေသလိုမျိုး။"ဒီကနေ ကားနဲ့သွားရင် သုံးနာရီလောက်
မောင်းရမယ် ငယ်ငယ်ကအလည်သွား
ခဲ့ဖူးတဲ့ စတော်ဘယ်ရီခြံ မှတ်မိလား"မှတ်မိတာပေါ့ သူ့ဘ၀မှာ ပထမဆုံးနဲ့
နောက်ဆုံးသော မိသားစုခရီးလေး
ဖြစ်ခဲ့တာကို။ အဲဒီနောက်မှာ အလိုလောဘ
ကြီးလာခဲ့တဲ့ ဒယ်ဒီက သူတို့မိသားစု
ကို ပစ်ထားခဲ့သည်လေ။"အင်း အဲဒီမှာလား ကျွန်တော်မနက်ဖြန်
သွားမလို့ ဒရိုင်ဘာကို အဆင်သင့် ပြင်ခိုင်း
ထားပေးပါ""တော်စမ်း ဆွန်းဟန် သူ့ကို ဘယ်အချိန်
သွားတွေ့တွေ့ရတယ် မနက်ဖြန်ရှယ်ယာရှင်
အစည်းအဝေးမှာ ငါက ငါ့သားကို
ခေါ်လာမယ်လို့ ကြေငြာထားပြီးသား
အဆင်သင့်ပြင်ထား"
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.