"ဒီအတိုင်း Continuous Fever မို့ပဲ
နောက်ပြီး ကောင်လေးက ခုခံအား
နည်းလို့ မေ့သွားတာ ငါဆေးစာရေး
ပေးလိုက်မယ် အဲဒီဆိုင်က မြို့ထဲမှာ
သွား၀ယ်ချည်"လက်ထဲမှ ကျစ်ကျစ်ပါအောင် ဆုပ်ထား
သော ဆေးစာရွက်ကလေးကို ကိုင်၍
ညနေခင်း ပုစွန်ဆီရောင်နေရောင်အောင်
စက်ဘီးတစ်စီးဖြင့် ခရီးနှင်နေသော
ကောင်လေးတစ်ယောက်။ဖြောင့်မတ်တောင့်တင်းလွန်းသည့် ကိုယ်
နေဟန်ထားအပြင် ဆံသားအတိုကို
ရှင်းရှင်းလင်းလင်း ညှပ်ထားသော
ဆံပင်စတိုင်ကြောင့် ချောမောလွန်းသည့်
မျက်နှာလေးက သိသာထင်ရှားနေတော့၏လက်မောင်းသားကို ပေါ်လွင်စေသည့်
လက်ပြတ်အင်္ကျီကြောင့် လက်မောင်းမှ
အဖုအထစ်များကလည်း ပေါ်လွင်နေသည့်
ကောင်လေးဟာ လမ်းတစ်လျှောက် ပျိုမေ
တို့၏ အကြည့်များကို ဖမ်းစားထားပေ၏သို့သော် ထိုကောင်လေးက ဤသည်တို့ကို
သတိမထားမိဟန်။ အလျင်လိုနေသော
မျက်လုံးတို့ဖြင့် စက်ဘီးကို အားကြိုး
မာန်တတ် နင်းနေလေ၏မွန်းလွဲပိုင်းမှာ သတိပြန်ရလာသော်
လည်း နုံးခွေနေသော ကောင်လေးသည်
သူ့အား ယဲ့ယဲ့လေး ပြုံးပြရှာသည်။"စိတ်မပူပါနဲ့ အစ်ကိုကလည်း ကျွန်တော်
သက်သာနေပါပြီတဲ့" အတော် လိမ်တတ်သည့်
ကလေးပင်။ဆေးရုံအထိ မလိုအပ်ကြောင်း သူ့ကို
ချော့တစ်လှည့် ခြောက်တစ်ခါပြောကာ
ဆေး၀ယ်လွှတ်လိုက်လေသည့်
ဦးလေးကြီးက သူ၏ အခြေအနေကို
နားလည်နေသည့်ဟန်။"မင်း ဆေးရုံတင်ဖို့ ပိုက်ဆံဘယ်ကရမှာလဲ"
မမေးရုံ တမယ် ကုန်ကျစားရိတ်များကို
ရှင်းပြလေတော့ ကောင်လေးကပါ
ပျာပျာသလဲ ငြင်းဆန်လာတော့သည်။ထို့ကြောင့် အကောင်းဆုံးဖြစ်မည်
ထင်သည့် နည်းလမ်းကို သူရွေးချယ်
လိုက်ရခြင်းပါ။ ညနေစောင်းမို့ ဆေးဆိုင်
တွေ ပိတ်နိုင်ပြီဟု ထင်သေည်လည်း
ဆိုင်ပိုင်ရှင်က ငါနဲ့အသိ ဆိုတာရယ်
ဒီညတိုက်ရမယ့် ဆေးကောဆိုတာရယ်
ကြောင့် သူစက်ဘီးတစ်စီး ငှားကာ
ဒီနေရာကို ရောက်လာခြင်းပင်။
YOU ARE READING
Opioid And Quiescent (Love)
फैनफिक्शनYou're mysterious but our hearts are spoken souls.