"အစ်ကို့ နိုးပြီလား"
နဖူးပေါ်လာတင်တဲ့ လက်နွေးနွေးကြောင့် သူ၏မနက်ခင်းသည် ခါတိုင်းနှင့်မတူ နူးနူးညံ့ညံ့ရှိလှပေသည်။
"အင်း နိုးပြီ မနက်စာဘာစားမလဲ အစ်ကိုသွား၀ယ်လိုက်မယ်"
ဒီနေ့က သူရဲ့ရှားရှားပါးပါးနားရက်လေးတွေမို့ ကောင်လေးကို စားကောင်းတာလေးတွေ လိုက်ကျွေးပြီး လျှောက်လည်ကြရန် သူရည်ရွယ်ထားမိသည်။
"မစားတော့ဘူး အစ်ကို ကျွန်တော်ကြက်ဥကြော်ထားတယ် လာမြည်းပေးဦး စားကောင်းလားဆိုတာ"
"ဟင်"
တအံ့တဩဖြစ်နေသော သူ့လက်ကို အသာဆွဲသွားပြီး အိပ်ခန်းတစ်ဖက်က ကျပ်ခိုးပြည့်နေသော မီးဖိုလေးဆီသို့။
"အိုး ခိုင် မော့"
ပါးစပ်ကို အသာပိတ်ကာ အသံမထွက်အောင်ကာကွယ်လိုက်သော်လည်း တစ်စွန်းတစ်စထွက်သွားသေးသည်။
ဒယ်အိုးထဲမှ ကြက်ဥဟာ အကြော်လား ဟင်းလား မသဲကွဲပဲ အရည်တစ်ချို့၊ အဖက်တစ်ချို့နှင့်။"ဒါကြက်ဥကြော်လားဟင်"
"ဟီး ကျွန်တော်က စားပဲ စားတတ်တာလေ
သေချာမသိဘူးရယ်"နောက်တော့ ထိုကြက်ဥအရည်နှင့်
အဖက်ကြော်လေးကို မျက်နှာလွှဲကာ
မနက်စာ အငတ်ခံပြီး အပြင်သို့သာ
ထွက်လာခဲ့ကြလေသည်။💫💫💫
"ကောင်လေး ဘာစားမလဲ မနက်စာ
မစားလိုက်ရတော့ ဗိုက်ဆာနေတယ်
မဟုတ်လား"အနောက်သို့ လှည့်ကြည့်လှည့်ကြည့်နှင့်
ထိုကြောင်ပေါက်လေးက အပြင်ထွက်လာ
ရသည်ကို အတော်ပျော်နေပုံရ၏
အပြာရောင်တီရှပ်လေးကို ဘောင်းဘီတို
အမည်းလေးနဲ့၀တ်ထားသော ကောင်လေးမှာ
သူ၏ နေလောင်မှာစိုးသည်ဟူသော
စိတ်ပူမှုကြောင့် အပေါ်ထပ်ချည်သားရှပ်လက်
ရှည်လေးနှင့်။"မဆာသေးပါဘူး အစ်ကိုရဲ့
အပြင်ထွက်ရတာ တစ်ခါတစ်လေမှကို
အ၀ကြည့်ထားရမှာပေါ့"မြင်မြင်သမျှအရာများကို တစ်ဝိုးဝိုး
တစ်ဝါးဝါးနှင့် ထိုကောင်လေးက တစ်ခါမှ
အပြင်မထွက်ဘူးသည်သူပမာ။
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.