"ကောင်လေး လာ ဆေးသောက်ရအောင်"
ဆေးမသောက်ချင်၍ သူ့အား ဂျစ်မည်
ထင်ထားသော်လည်း အတော်လိမ္မာသည့်
ကောင်လေးပင်။ ဆန်ပြုတ်ကိုလည်း
သူ့ဘာသာ သောက်သွားတဲ့အပြင်
ဆေးကိုလည်း မျက်နှာတစ်ချက်မပျက်
သောက်သွားလေတော့ သူ့မှာ ဘာမှလုပ်စရာ
ရှိမနေ။ ပန်းကန်သွားဆေးမည် ပြင်တော့မှ
ဇာတ်လမ်းက စလာတာ ဖြစ်၏လက်ကို တင်းတင်းကျပ်ကျပ်ဆွဲထားသော
ကောင်လေးကြောင့် သူပြန်ထိုင်လိုက်ရသည်။
ထို့နောက် အဖျားရှိန်ကြောင့် နီရဲနေပေမယ့်
ဖောင်းဖောင်းပြည့်ပြည့် ပါးလေးကို ဖျစ်ညစ်
လိုက်တော့ နှုတ်ခမ်းက အရှေ့ကို ဆူထွက်
လာလေသည်။"ကဲ ဘာအလိုရှိပါသလဲ မင်းသားလေး"
"ကျွန်တော့် အနားမှာပဲနေ ဘယ်မှ မသွားနဲ့"
တိုးဖျဖျထွက်လာသော စကားသံကြောင့်
စိတ်ထဲ ကြည်နူးသွားရကာ ပန်းကန်များကို
နေရာဝေးဝေးမှာ ချလိုက်ကာ ကောင်လေး
၏ နားသယ်စပ်မှ ချွေးစစ ဆံသားမျှင်
လေးတွေကို အနောက်သို့ ပို့ပေးလိုက်ရင်း
ပြောမိသည်။"ကိုယ် ပန်းကန်တွေကော မဆေးရတော့ဘူး
လား""အင်း မဆင်းတော့နဲ့ ကျွန်တော်
အဖျားပျောက်ရင် ဆေးကူပေးမှာမို့ အခု
ကျွန်တော့်အနားမှာပဲနေပေး"ထိုစကားသံဆုံးသည်နှင့် ကောင်လေး၏
ပူကျစ်နေသော ခန္ဓာကိုယ်လေးကို
ရင်ခွင်ထဲထည့်ကာ သူပါ လဲလျောင်းလိုက်
လေသည်။ သူ့ရင်ခွင်ထဲသို့ ခေါင်းလေးကို
ဖြည်းဖြည်းတိုးလာသူကြောင့် အပြုံးတို့က
မရပ်နိုင်တော့။ ဖြစ်နိုင်ရင် ဒီအခြေ
အနေလေးကိုပဲ မှော်မန္တာန်တွေနဲ့ ရပ်တန့်ထား
ရင်ကောင်းမှာပဲလို့ တွေးမိသည်အထိပင်။"ဆွန်ဟန်နီး"
"ဟုတ်"
ရင်ခွင်မှာ မျက်နှာအပ်ထားသည့်
ကောင်လေး၏ ၀င်သက်ထွက်သက် လေပူပူ
များကြောင့် သူ၏ တီရှပ်ကို ဖြတ်သန်းကာ
အသားအရေများပင် ပူလာ၏"တကယ်လို့လေ တကယ်လို့......"
ညက အဖြစ်အပျက်က ခေါင်းထဲမှာ စီစီ
ရီရီ ပိတ်ကားတစ်ချက်သဖွယ် အရိပ်ထင်
လာသည်။ လူပြိန်းတစ်ယောက်လို မနေ့က
သူဆေး၀ယ်မသွားခဲ့ရင်တောင် အဲဒီသူတွေ
နဲ့ တွေ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို
ယူဆမိပြီး နှစ်သိမ့်နေရသည်အထိ။
YOU ARE READING
Opioid And Quiescent (Love)
FanfictionYou're mysterious but our hearts are spoken souls.