ခင်ဗျားဘာလို့ သူ့အပေါ်သစ္စာစောင့်သိနေသေးတာလဲ
နွေဦးအစောပိုင်းသည် အေးမြလျက် ကမ်းပါးဘေးရှိမိုးမခပင်များက ထင်ရှားပေါ်လွင်ကာ ပါးလျသည့် နှင်းလွှာတွင် အစိမ်းနုရောင် ဖုံးလွှမ်းလျက်ရှိသည်။
ခိုက်ခိုက်တုန်အောင်ချမ်းအေးသည့် ဆောင်းရာသီတွင် ချင်မိသားစုခေါင်းဆောင်အကြီးအကဲဖြစ်သည့် ချင်ရှန်းကွယ်လွန်သွားပြီး ရေမျက်နှာပြင်ပေါ်တွင် မူလကငြိမ်သက်နေသည့် ရွှမ်း (ဆီနှင်း) မြို့ကို လှိုင်းလုံးများအဆက်မပြတ်ရိုက်ခတ်ကာ ရုတ်ချည်းရုန်းရင်းဆန်ခတ်ဖြစ်သွားစေခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် အာဏာရှိအဖွဲ့အစည်းအသီးသီးက အမှောင်ထဲမှ လောဘတကြီးစောင့်ကြည့်နေကြပြီး ဒုက္ခရောက်နေစဉ်အခွင့်ကောင်းယူကာ ချင်မိသားစုပိုင်နက်ကို သိမ်းပိုက်ရန်ကြံစည်နေကြသည်။
အဆုံးတွင်မူ ချင်အိမ်၏အမွေဆက်ခံသူမှာ အဆင်းသာရှိ၍အချင်းမရှိသည့် အပြင်လူတစ်ယောက်သာဖြစ်လေသည်။
သို့သော် မည်သူမျှ မထင်ထားသည်မှာ ချင်ရှန်းမသေဆုံးမီ ယခင်သေတမ်းစာကို ပြန်ပြင်လိုက်ပြီး ချင်မိသားစု၏ ရှိရှိသမျှအမွေအနှစ်အားလုံးကို အပြင်လောကတွင် နှစ်ပေါင်းများစွာလေလွင့်နေသည့် ဒုတိယသားဖြစ်သူ ချင်းရွှင် အား အမွေပေးအပ်ခဲ့ခြင်းပင်။
မူလက ခန့်အပ်ထားသည့် ချင်းရုန် ကမူ အမည်ခံမျှသာဖြစ်ပြီး ဘာဆိုဘာမျှမရှိပေ။
_
ချင်းရုန် အိပ်ရာကနိုးထလာပြီး ထိတ်လန့်ချောက်ချားဖွယ် မှောင်မိုက်နေသည့်ခံစားချက်က ခန္ဓာကိုယ်တစ်ခုလုံး စွဲကျန်ရစ်နေသည်။ ကုတင်ဘေးရှိ စားပွဲပေါ်က မျက်မှန်ကိုယူတပ်လိုက်ပြီး ပါးလွှာသည့်ငွေအနားကွပ်ဘောင်က မြင့်မားသည့်နှာတံပေါ်တွင် ချိတ်ဆွဲထားသည်။ နဖူးပေါ်တွင် ချွေးစေးထွက်နေသော်လည်း အပြင်ပန်းတွင်မူ မပြောင်းမလဲတည်ငြိမ်လျက်ရှိသည်။
"ပါ့ပါ" ညင်သာသည့်အသံလေးက ပျော့အိအိစောင်ထဲမှထွက်လာပြီး နူးညံ့သည့်လက်လေးတစ်စုံက ချင်းရုန်၏လက်မောင်းကို ဖွဖွလေးပုတ်ပေးကာ "အိမ်မက်ဆိုးတွေ အမြန်ထွက်သွား၊ အိပ်မက်ဆိုးတွေအမြန်ထွက်သွား" ဟုနှစ်သိမ့်ပေးလျက်ရှိသည်။
YOU ARE READING
ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်
Romanceရက်စက်ကြမ်းကြုတ်ပြီးနိုင်လိုမင်းထက်ပြုတဲ့ခွေးရူး gong × အပျော်အပါးရှောင်တဲ့အလှလေး shou Alpha × Omega လွန်ခဲ့တဲ့ ၆နှစ်က ကျန်းရွှင်က ချင်းရုန်ကို အတင်းအကျပ်အမှတ်အသားပေးပြီးတော့ တာဝန်မယူဘဲထွက်သွားခဲ့တယ် ၆နှစ်ကြာပြီးတဲ့နောက် လူအိုကြီးကွယ်လွန်သွားပြီးတေ...