Chapter 3

882 92 9
                                    

လျှောက်မလှုပ်နဲ့

ချင်ရှန်းမှာ အတွေးအခေါ်ရှေးဆန်ပြီး ဖုန်းရွှေကိုစိတ်ပါဝင်စားကာ အပြင်အဆင်ကို အလွယ်တကူမပြောင်းတတ်သည့်လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ခြောက်နှစ်ကြာပြီးနောက် ကျန်းရွှင် ဤမြေပေါ်သို့ တစ်ဖန်ခြေချသည့်အခါ မျက်စိရှေ့တွင် မနေ့ကကဲ့သို့ပင်။

"တက်လာခဲ့" ကျန်းရွှင်က ဒုတိယထပ်တွင် ရပ်နေပြီး ချင်းရုန်ကိုငုံ့ကြည့်နေသည်။ သူ၏လှပသည့်မျက်နှာမှာ ကြွေထည်ကဲ့သို့အဖြူနှင့်စိမ်းပြာရောင်သမ်းနေပြီး မျက်လုံးထောင့်များက နီရဲလို့နေသည်။ စွဲမက်စရာကောင်းသည့်ပုံပေါ်သော်လည်း အင်္ကျီကိုထိပ်ဆုံးထိကြယ်သီးတပ်ထားကာ ဘဲငန်း​သဖွယ်လည်ပင်းကို သေသေသပ်သပ်ဖုံးကွယ်ထားသည်။

ကျစ်

ကျန်းရွှင်က လှောင်ရယ်လိုက်သည်။ ချင်းရုန်က တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား။ သူ့ရဲ့ဒီလိုပုံစံကမှပိုလို့တောင်ဆွဲဆောင်မှုရှိနေသေးသည်။

"ခင်ဗျားရဲ့အခုလက်ရှိအခန်းက ဘယ်ဟာလဲ"

ချင်းရုန်က နှုတ်ခမ်းများစေ့ထားပြီး ကြေမွပျက်စီးသွားသည့်မျက်မှန်ကိုဖယ်လိုက်သည်။ သူ့အဝေးမှုန်ဒီဂရီမှာ ၃၀၀ နီးပါးရှိပြီး မျက်မှန်မတပ်ဘဲ အကြမ်းဖျင်းရှင်းရှင်းလင်းလင်းမြင်နိုင်သော်လည်း မျက်မှန်တပ်ရသည်မှာ အကျင့်ပါနေပြီဖြစ်၍ မျက်မှန်မပါလျှင် မျက်လုံးများကိုမှေးပြီးသာကြည့်နိုင်တော့သည်။ အရပ်မျက်နှာအတိုင်း ဒုတိယထပ်၏ပထမအခန်းကို ညွှန်ပြလိုက်သည် "အဲ့နေရာမှာပဲ"

ချင်အိမ်တော်ကို သူပြောင်းလာသည့် ပထမဆုံးနေ့ကတည်းက ဒုတိယထပ် ပထမအခန်းတွင်နေခဲ့သည်။ ယခု ၁၀နှစ်ကျော်ကြာပြီးသည့် နောက်တွင်လည်း ဒုတိယထပ် ပထမအခန်းမှာနေနေဆဲပင်။

ကျန်းရွှင်က ခေါင်းငုံ့ပြီး တမင်တကာအနားကပ်လာသည် "သေချာမမြင်ရဘူးလား"

နွေးထွေးသည့်အငွေ့အသက်က မျက်နှာကိုရိုက်ခတ်နေပြီး ချင်းရုန် ကသိကအောက်ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်သော်လည်း မရှောင်လိုက်ပေ "ရပါတယ်"

ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်Where stories live. Discover now