Chapter 9

191 44 5
                                    

သခင်လေး အိမ်ပြန်မှာလား

ဒဏ်ရာမှာ ၇ ချက် ချုပ်လိုက်ရသည်။ အပ်စချုပ်ချိန်မှစ၍ ချုပ်ပြီးချိန်အထိ ကျန်းရွှင်၏မျက်နှာမှာ ပြာနှမ်းနေကာ လက်ပြန်တွင်လည်း သွေးကြောများထောင်လို့နေ၏။

သို့သော် ကာယကံရှင် ချင်းရုန်မှာမူ မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ ချုပ်ရိုးမချုပ်ခင်ပင် မေ့ဆေးမလိုကြောင်းနှင့် မနက်ဖြန် မိန့်ခွန်းပြောရမည်ဖြစ်၍ သူ၏အခြေအနေကိုထိခိုက်စေမည်ဖြစ်ကြောင်း ဆရာဝန်အားအထူးတလည်ပြောကြားခဲ့သည်။

ထိုစကားများထွက်ပေါ်လာသည်နှင့် ကျန်းရွှင်၏မျက်နှာမှာ ထိုးစိုက်ကျသွားကာ နှစ်ချက်မျှလှောင်ရယ်လိုက်သည် "ခင်ဗျား တကယ်တော်တာပဲ"

လူနာခန်းထဲမှလှည့်ထွက်သွားလေ၏။

သို့သော် များမကြာမီ ကျန်းရွှင်ပြန်ရောက်လာပြီး ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များထုတ်လွှတ်လျက် စကားတစ်ခွန်းမျှမဆိုဘဲ ချင်းရုန်ရှေ့၌ထိုင်ချလိုက်သည်။ ချင်းရုန်က သူ့အား 'ဘာကြောင့်ပြန်လာရပြန်သနည်း' ဟုမေးနေသကဲ့သို့ ရှုပ်ထွေးစွာကြည့်နေလေ၏။

ကျန်းရွှင်က တစ်ချက်ကြည့်ကာ "ခင်ဗျား ဘယ်လိုတောင် သေအောင်နာကျင်နေလဲဆိုတာ လာကြည့်တာ"

ချင်းရုန်က ကျန်းရွှင်အား အတန်ကြာစိုက်ကြည့်နေပြီး ဆရာဝန်လှည့်ခိုင်းလိုက်သည့်အခါမှ အလွန်နူးညံ့စွာပြောလာ၏ "မနာပါဘူး"

"ခင်ဗျားဘာပြောလိုက်တယ်?" ကျန်းရွှင်က မျက်မှောင်ကြုတ်လိုက်သည်။ အသံကြားလိုက်သည်ဟုထင်သော်လည်း ချင်းရုန်၏နှုတ်ခမ်းများမှာ ဘယ်တုန်းကမျှ မဖွင့်ခဲ့သကဲ့သို့ တင်းတင်းစေ့ထားကာ သူများထင်ယောင်ထင်မှားဖြစ်နေသလားဟု သံသဝင်စေမိသည်။

ချင်းရုန် သူ့အားဂရုစိုက်မနေတော့ဘဲ မျက်လုံးများမှိတ်ထားကာ ဆရာဝန်ကုသပေးမည်ကို စောင့်နေလိုက်တော့သည်။

ချုပ်ရိုး ၇ ချက် ချုပ်ပြီးနောက် ချင်းရုန်တစ်ကိုယ်လုံးမှာ ရေထဲမှဆယ်ထုတ်ထားသကဲ့သို့ပင်။ နဖူး၊ နောက်ကျောနှင့် ရင်ဘတ် တစ်ခုလုံးမှာ ချွေးများရွှဲနစ်နေသော်လည်း တစ်လျှောက်လုံး စကားတစ်ခွန်းမဟ၊ မျက်မှောင်ပင်မကြုတ်ခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: Nov 15 ⏰

Add this story to your Library to get notified about new parts!

ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်Where stories live. Discover now