ငါကသူ့ကိုပထမဆုံးလည်ပင်းညှစ်သတ်မယ့်သူပဲ
ချင်းရုန်က ထွက်သွားလိုက်သည်။ ချင်မိသားစုအကြီးအကဲများမှာ ကျန်းရွှင်အားမတွေ့ရသဖြင့် ကျန်းရွှင်ကိုလူပါးဝကြောင်း တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုကြတော့သည်။ ချင်းရုန်က အမှတ်မထင်ကြားလိုက်ကာ ကော်လာကိုဖြန့်ပြီး အကြီးအကဲများကို မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ အားလုံးချက်ချင်းငြိမ်ကျသွားတော့သည်။
ချင်ရှန်းအသက်ရှိနေစဉ်က ထိုချင်းရုန်မှာ ဆက်ဆံရန်ခက်ပြီး သူတို့အား များစွာဆင်းရဲဒုက္ခခံစားရအောင်လုပ်ခဲ့ရာ သူ့အကြောင်းပြောလိုက်သည်နှင့် သွားများပင်ကျိန်းလာတော့သည်။ ယခု ချင်ရှန်းမရှိတော့သည့်တိုင် ချင်မိသားစုအကြီးအကဲများက ချင်းရုန်အား လျှော့မတွက်ရဲကြသေးပေ။
အရူးတစ်ယောက်ပဲ!ချင်းရုန်က အေးစက်စွာပြုံးကာ ကျန်းရွှင်မှာ စိတ်မကောင်းဖြစ်လွန်းသဖြင့် မတက်ရောက်နိုင်ကြောင်းပြောပြီး လူတိုင်း၏ပါးစပ်ကိုပိတ်လိုက်သည်။ မှားလားမှန်လားဆိုသည်ကိုမူ မည်သူမျှစစ်ဆေးနေမည်မဟုတ်ပေ။
"ဖီး" ချင်မိသားစု၏မိသားစုငယ်မှ ဒုတိယသခင်လေး ချင်စုန်းက တံတွေးထွေးလိုက်သည် "ချင်းရွှင် အဲ့အရူးကောင်ပြန်လာတာတောင် ချင်းရုန်ဆက်ပြီးမောက်မာနေနိုင်မယ်ဆိုတာ ငါမယုံဘူး"
"မင်းကလည်းအသာလုပ်စမ်းပါ" ဘေးနားရှိလူက သူ့ပခုံးကိုပုတ်လိုက်သည် "လူက အဝေးကြီးမရောက်သေးဘူးနော်"
"ဘာကိုကြောက်နေရမှာလဲ။ အဲ့နေ့ကျရင် ငါ့ဖိနပ်ကို သူ့လျှာနဲ့တောင် လာလျက်ရင် လျက်ပေးနေရာမှာ။ ငါ့အရိုးထဲမှာ ချင်မိသားစုရဲ့သွေးစီးဆင်းနေတာ၊ သူကရော? ကောက်ထားရတဲ့ဟာကိုများ"
"မှန်ပေမယ့်လည်း ချင်းရွှင်က သူနဲ့အတူကြီးပြင်းလာတာမဟုတ်လား? ဆက်ဆံရေးက ဘယ်လောက်ဆိုးနိုင်မှာမို့လို့လဲ?"
"ဟမ့် ဆက်ဆံရေးကောင်းတယ်? "သူ့မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး မျက်လုံးထဲတွင်ရက်စက်ယုတ်မာသည့်အလင်းတန်းက ရိပ်ခနဲဖြတ်သွားသည် "ချင်းရွှင်ပြန်ရောက်ရောက်ချင်း သူ့ကိုမသတ်တာပဲ ကံကောင်းတယ်မှတ်၊ မင်းကြည့်နေလိုက် ရက်နည်းနည်းလောက်နေရင် သူမောက်မာနိုင်တော့မှာမဟုတ်ဘူး"

YOU ARE READING
ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်
RomanceName - 非物质遗产 Author - 寒山茶灼 Chapters - 66 ရက်စက်ကြမ်းကြုတ်ပြီးနိုင်လိုမင်းထက်ပြုတဲ့ခွေးရူး gong × အပျော်အပါးရှောင်တဲ့အလှလေး shou Alpha × Omega လွန်ခဲ့တဲ့ ၆နှစ်က ကျန်းရွှင်က ချင်းရုန်ကို အတင်းအကျပ်အမှတ်အသားပေးပြီးတော့ တာဝန်မယူဘဲထွက်သွားခဲ့တယ် ၆နှစ်က...