ဒီနှစ်တွေမှာ ကျွန်တော့်ကိုသတိရရဲ့လား
ချင်းရုန်က ရှက်ရွံမှုကြောင့်မျက်လုံးများမှိတ်ထားပြီး ဦးရေပြားမှာလည်း ဆွဲဆောင့်ခံထားရမှုကြောင့်နာကျင်လို့နေသည်။ သူက လည်ပင်းကိုမော့လိုက်ကာ "မင်းပြန်လာတာ ငါ့ကိုအရှက်ခွဲဖို့သက်သက်လား"
ကျန်းရွှင်၏လက်က ချင်းရုန်၏လည်ပင်းတွင် ရပ်တန့်သွားကာ ဆက်မချွတ်တော့ပေ။ သူ့မျက်လုံးများမှာ မှေးမှိန်သွားပြီး ထိုအမာရွတ်ကိုသာ ကြည့်ချင်သကဲ့သို့ ချင်းရုန်၏အဝတ်အစားများအား အစီအစဉ်တကျပြန်ဖြန့်ပေးနေသည်။
"ခင်ဗျားသိလား" ကျန်းရွှင်က လက်လွှတ်ပေးလိုက်ပြီး သူ့လက်ချောင်းများကြား နူးညံ့သည့်ဆံနွယ်များဖြတ်သွားသည်ကို ခံစားလိုက်ရသည်။ သူကစကားပြောနေသကဲ့သို့ ချင်းရုန်၏နားရွက် နားကပ်လာကာမေးသည် "အဘိုးကြီးရဲ့အမွေထဲမှာ အဲ့ဒါတွေရောပါတယ်ဆိုတာ"
ချင်းရုန် ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပြီး အကြိမ်ပေါင်းများစွာချောင်းဆိုးကာ အဆုတ်ကိုဆွဲညှစ်လိုက်တိုင်းယားယံလို့နေသည်။ လက်ခုံဖြင့်နှုတ်ခမ်းကိုသုတ်လိုက်ပြီး တစ်လုံးချင်း ဖြည်းညင်းစွာ ကြယ်သီးတပ်လိုက်သည့်အခါ သေချာဝတ်ဆင်ထားသည့်ပုံစံပြန် ပြန်ဖြစ်သွားသည်။ သူကဖြည်းညင်းစွာပြောလာသည် "အမွေပစ္စည်းက ငါနဲ့ဘာမှမဆိုင်ဘူး၊ ချင်...."
ခဏတာမျက်နှာပျက်သွားပြီး "သခင်ကြီးပိုင်ဆိုင်သမျှ အားလုံးက မင်းပဲအမွေဆက်ခံသင့်တာပါ""ကျစ် မျိုးမစစ်လေးကရော?" ကျန်းရွှင်က ချင်းရုန်၏ပခုံးကိုဖိပြီး သူ့ရင်ခွင်ထဲပစ်ထည့်လိုက်သည်။
မျိုးမစစ်လေး....
ရှက်ရွံ့သည့်အမူအရာက တစ်ဖန်ပြန်ပေါ်လာပြီး ချင်းရုန်၏နောက်ကျောတွင် အဆက်မပြတ်နွေးထွေးနေသော်လည်း ရင်ဘတ်တွင်မူ ချွေးအေးများ နစ်ဝင်လျက်ရှိသည်၊ သူက အံကြိတ်ကာ "နျန့်နျန့်က မျိုးမစစ်လေး မဟုတ်ဘူး"
ကျန်းရွှင်က ပေါ့ပါးစွာလှောင်ရယ်လိုက်သည်။
အားဇယ်က ချင်နျန့်အား ခေါ်ကာပြန်လာပြီး ဘောလုံးသေးသေးလေးက အားဇယ်၏ရင်ခွင်ထဲတွင် ကွေးလျက် လည်ပင်းကိုသိုင်းဖက်ထားသည်။ အားဇယ်က မကျေမနပ်ပြောလာသည် "ဒီအကောင်ပေါက်လေးက တကယ်အပျင်းကြီးတာပဲ နှစ်လှမ်းတောင်မလျှောက်——"

YOU ARE READING
ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်
RomanceName - 非物质遗产 Author - 寒山茶灼 Chapters - 66 ရက်စက်ကြမ်းကြုတ်ပြီးနိုင်လိုမင်းထက်ပြုတဲ့ခွေးရူး gong × အပျော်အပါးရှောင်တဲ့အလှလေး shou Alpha × Omega လွန်ခဲ့တဲ့ ၆နှစ်က ကျန်းရွှင်က ချင်းရုန်ကို အတင်းအကျပ်အမှတ်အသားပေးပြီးတော့ တာဝန်မယူဘဲထွက်သွားခဲ့တယ် ၆နှစ်က...