Chapter 5

1.1K 100 13
                                    

ဒါဖြင့်လည်း ဘာလို့ အစကတည်းက ကျွန်တော့်ကိုဖြားယောင်းခဲ့သေးလဲ

ကျန်းရွှင်လက်လွှတ်ပေးလိုက်သည့် ခဏချင်းတွင် စွင်းရှိုး၏ခြေထောက်များ အားပျော့ကာ မြေပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားတော့သည်။ နူးညံ့လှပသည့်မျက်နှာမှာ ဖြူဖျော့ဖျော့ဖြစ်နေကာ နှုတ်ခမ်းများက အထိန်းအကွပ်မဲ့စွာတုန်ယင်လို့နေသည် "သင်း....သင်းကွပ်ထားတယ်?"

သွင်းကွပ်ထားသည်ဟုဆိုသည်မှာ ကျန်းရွှင်က တစ်သက်သာအမှတ်အသားမပြုနိုင်သည့်အပြင် ဗိုက်ထဲရှိကလေးမှာလည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကလေးမဖြစ်နိုင်သည်မှာ ထင်ရှားသည်။

သို့သော် ကျန်းရွှင်၏ gland မူမမှန်သည်မှာသိသာလှသည်။ Omega ၏ pheromone ကိုမခံစားနိုင်သကဲ့သို့ heat ဖြစ်နေသည့် Omega ၏သက်ရောက်မှုကိုလည်းခံရမည်မဟုတ်ပေ။ အမှတ်အသားမရှိသည့် Omega တစ်ယောက် heat ဖြစ်နေချိန်တွင် ထိုနေရာရှိ Alpha အားလုံး ထိန်းချုပ်မှုကင်းမဲ့ဖူးသည်ကို သူမှတ်မိနေသေးသည်၊ ကျန်းရွှင်မှအပ.....

ထိုအချိန်က ကျန်းရွှင်မှာ နှာခေါင်းစွပ်ပင် မစွပ်ထားချေ။ မြင့်မားသည့်နေရာတွင်ထိုင်နေပြီး ဒေါသထွက်နေသည့်မျက်လုံးများဖြင့် ရယ်စရာကောင်းသည့် ဟာသပြက်လုံးတစ်ခုကိုကြည့်နေသကဲ့သို့ ရုတ်တရက်ပြုံးလာခဲ့သည်။

သင်းကွပ်ထားရုံဆိုရင် ဘယ်လိုလုပ်သက်ရောက်မှုမရှိဘဲနေနိုင်မှာလဲ!

ကျန်းရွှင်တွင် gland ပြဿနာရှိနေကြောင်း ထိုလူက ရှင်းရှင်းလင်းလင်းပြောပြထားလို့ကြောင့်သာ မဟုတ်လျှင် ဘယ်လိုလုပ် ကျန်းရွှင်ကိုလိမ်ရဲမည်နည်း။

ကျန်းရွှင်ကို လှည့်စားခဲ့သည့်နောက်ဆုံးလူမှာ....

စွင်းရှို့မှာ သူ၏အဆုံးသတ်ကိုမတွေးရဲတော့ပေ။

"ရွှင်ကော ငါမှားသွားပါတယ် မင်းငါ့ကိုမထိခဲ့ပါဘူး!"
စွင်းရှို့က သူ့ကိုယ်သူ စဉ်းစားခွင့်ပင်မပေးဘဲ ကျန်းရွှင်၏ခြေသလုံးကို ရှက်ရွံ့စွာဖက်လိုက်ပြီး မျက်နှာတွင်လည်း မျက်ရည်နှာရည်များဖြင့်ပြည့်လို့နေသည် "ငါစိတ်ရှုပ်ထွေးသွားလို့ ကြံမိကြံရာလုပ်မိသွားတာပါ ငါမလုပ်ရဲပါဘူး ရွှင်ကော...."

ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်Where stories live. Discover now