Chapter 6

286 43 5
                                    

မင်းအန္တရာယ်ရှိနေပြီ

"ပါ့ပါ ပန်းချီကားကိုကြည့်လိုက်!" ချင်နျန့်က ဖွေးဖွေးနုနု လက်တုတ်တုတ်လေးဖြင့် ပန်းချီကားကိုကိုင်ပြီး ဖန်သားပြင်ပေါ်မှတစ်ဆင့် ချင်းရုန်အား ဝေမျှရန်မစောင့်နိုင်တော့ပေ။

ပန်းချီကားမှာအလွန်ရိုးရှင်းသည်၊ ရောင်စုံခဲတံများဖြင့် စိတ်ရှိသလိုရေးခြစ်ထားပြီး မှင်ရောင်ထူထူနှင့်နေရာတွင် လူပုံရိပ်နှစ်ခုကို ဝိုးတဝါးမြင်နိုင်ပေသည်။ ချင်နျန့်က အရပ်ပုပုနှင့်လူကို ညွှန်ပြပြီး "ဒါက သားလေ" အရပ်ရှည်သည့်လူကို ညွှန်ပြပြန်သည် "ဒါက ပါ့ပါ"

ချင်းရုန်၏မျက်လုံးများမှာ ချင်နျန့်၏မျက်နှာပေါ် မခွဲနိုင်မခွာရက် လောဘတကြီးကြည့်နေသည်။
ထိခိုက်ဒဏ်ရာမရှိ၊ စိတ်အခြေအနေလည်းကောင်းသည်။ ဤအရာများကို အတည်ပြုပြီးနောက် ရင်ဘတ်ထဲဆွဲထားသည့်ကျောက်တုံးကြီးမှာ နောက်ဆုံး ပြုတ်ကျသွားတော့သည် "ဟုတ်ပါ့၊ လှလိုက်တာ"

ကျန်းရွှင်က ထွက်သွားသည်။

ညနေပိုင်းတွင် သူ ဒီ video call ကိုလက်ခံရရှိခဲ့သည်။

ချင်နျ့န်က ပုံဆွဲရင်း ရုတ်တရက် မျက်နှာလေးညှိုးကျသွားသည် "ပါ့ပါ၊ သားဘယ်တော့မှ ပြန်လာလို့ရမှာလဲဟင်?"

ချင်းရုန်က ချင်နျန့်အား ပြန်မခေါ်ချင်ဘဲနေပါ့မလား။ သို့သော် ကျန်းရွှင်က သူ ချင်နျန့်ကို ရှာမတွေ့အောင်လုပ်ရန် ဆုံးဖြတ်ပြီးသားပင်၊ အခုထိ သူလွှတ်လိုက်သည့် လူများထံမှလည်း ဘာအသံမှမကြားရသေးသဖြင့် ချင်နျန့်ကိုချော့ရန်သာ တတ်နိုင်တော့သည် "ပါ့ပါက အလုပ်အတွက်အပြင်သွားနေရလို့ နျန့်နျန့်ကိုဂရုမစိုက်ပေးနိုင်ဘူး၊ နျန့်နျန့် ဦးဦးတို့နဲ့ ရက်ပိုင်းလောက်အတူဆော့နေဦးနော် ဟုတ်ပြီလား?"

"ဟုတ်ကဲ့" ချင်နျန့်က ပုံဆွဲစာရွက်ကို ရင်ခွင်ထဲပိုက်လျက် ခေါင်းတသွင်သွင်ညိတ်ပြသည် "ပါ့ပါ နျန့်နျန့်ကို သတိရနေနော်"

"သတိရမှာပေါ့ကွယ်" ချင်နျန့်၏ စဉ်းစားပေးတတ်ပြီး နာခံတတ်သည့်ပုံစံကိုကြည့်ရင်း ချင်းရုန်၏နှလုံးသားလေးမှာ အရည်ပျော်မတတ်ပင်။ ဤသည်မှာ သူ ချင်နျန့်နဲ့ ပထမဆုံးအကြိမ်ခွဲခွာရခြင်းဖြစ်သည်။ နှုတ်ခမ်းများစေ့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ အမြန်အကြည့်လွှဲလိုက်သည်။ နေဝင်ဆည်းဆာအလင်းရောင်မှာ မြေပြင်အနှံ့ကျနေပြီး အထီးကျန် တိတ်ဆိတ်လို့နေသည်။

ဒြပ်ဝတ္ထုမရှိသောအမွေအနှစ်Where stories live. Discover now