Chapter - 4 (လျှို့၀ှက်အိမ်ထောင် ဆက်ဆံရေး)

213 4 0
                                    

မီဒီယာတွေနဲ့ ပရိသတ်များ အံ့အားသင့်သွားကြသည်။မိုတင်က ထန်နင်းကို လက်မှတ်ထိုးချင်တာကြောင့် အခုလို ပြောခဲ့တာလား။
မိုတင်က နောက်နေတာ မဟုတ်လား။

မည်သို့ပင်ဆိုစေ မီဒီယာနှင့် လက်၀တ်ရတနာ
ဒီဇိုင်နာတို့သည် ထန်နင်းကို ဒုက္ခမပေး
ရဲတော့ပေ။သူတို့ လုပ်နိုင်တာက Tianyi Entertainment ကို သာ ဝေဖန်သံများ
ပို့နိုင်သည်။

ယခုတစ်ကြိမ်တွင် Tianyi Entertainment နှင့် ဟန်ယုဖန်တို့သည် ကြီးမားသော ဒုက္ခကို ရင်ဆိုင်ခဲ့ကြရသည်။မိုယုရို၏ လက်ထောက်က ထန်နင်းအား"ဒီ အသေးအဖွဲ့
ကိစ္စလေးတွေကိုတောင် ကောင်းကောင်း
မလုပ်နိုင်ဘူး၊တစ်ခြားဘာလုပ်ပေးနိုင်မလဲ။ဥက္ကဌဟန် က မင်းကို ဘယ်လို ဖြေရှင်း
မလဲဆိုတာ ကြည်ရအောင်!"

ထန်နင်းက ဂရုမစိုက်ဘူး။သူမရဲ့ အမူအယာက အရင်ကလို အေးဆေးတည်ငြိမ်နေသည်။အ၀တ်အစား​လဲပြီး ပွဲက ထွက်သွားပေမယ့်
မိုတင်ရဲ့ ကားကို ထွက်ပေါက်မှာ တွေ့လိုက်သည်။

"၀င်ခဲ့လေ"

ထန်နင်းသည် ခေါင်းညိတ်ပြီး ကားပေါ်
တက်ခဲ့သည်။ယနေ့ မိုတင်၏ လုပ်ရက်အတွက် သူမသည် စိတ်ရင်းအမှန်ဖြင့်
"ဒီနေ့ ငါ့ကို ကူညီပေးတာ ကျေးဇူးတင်
ပါတယ်"

မိုတင်၏ နှုတ်ခမ်းများ အနည်းငယ်
ပြုံးကာ "လူတိုင်းရှေ့မှာ ငါ့ မိန်းမအသစ်ကို အနိုင်ကျင့်တဲ့ လူကို သည်းခံမယ်လို့ ထင်နေတာလား။"

တကယ်တော့ ငါ့မင်းရဲ့အကူအညီနဲ့
မထိုက်တန်ပါဘူး၊လူတွေ ငါ့ကို သိအောင် တမင်ရည်ရွယ်ခဲ့တာပါ"ဟု ထန်နင်းက တောင်းပန်စကားဆိုသည်။

မိုတင်က သူမကို လှမ်းကြည့်ပြီးနောက်
အကြည့်များကို့ ပြန်ရုတ်ပြီး"သိပါတယ်"

"ဒါပေမယ့်၊မင်း သူတို့ကို ကိုင်တွယ်
ဖြေရှင်းဖို့နည်းလမ်းရှာမတွေ့ရင် မင်းငါ့ကို ပြောလို့ရတယ်။ဒီလိုမျိုး ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တာက နည်းနည်းတော့ မိုက်မဲပုံရတယ်။"

ထန်နင်း" ......"

"မင်းငါ့ကို ဘယ်ကိုခေါ်သွားတာလဲ"

"မင်းအိမ်။ငါ့တို့ အိမ်ထောင်ပြုတာ မဟုတ်ဘူးလား။"ထန်နင်းက မေးသည်။သူမ ဆုံးဖြတ်ချက်ချပြီးပြီမို့ နောက်ပြန်လှည့်
အစီအစဥ်မရှိပါ"

အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)Where stories live. Discover now