Chapter-2 (ခွေးနှင့်တူသောအမျိုးသားနှင့် အမျိုးသမီးကို တန်ပြန်တိုက်ခိုက်ခြင်း)

388 4 0
                                    

******

တကယ်တော့ ထန်နင်း ဟာ သူစိမ်း
တစ်ယောက်နဲ့ လက်ထပ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပေမယ့် သူလုပ်ထားပြီးသားမို့ နောင်တရနေစရာ မလိုပါဘူး။

ထန်နင်း သည် သူ့ကားပေါ်သို့ ပြန်တက်ကာ အိမ်ပြန်ရင် ပြင်ဆင်နေသော်လည်း သူမ
ကားစမထွက်ခင် ဟန်ယုဖန်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

"ထန်နင်း.... အခု ဘယ်မှာလဲ"

"ကျွန်မ မြိုပြရေးရာဗျူရိုရဲ့ တံခါး၀မှာ ရောက်နေတယ်၊အိမ်ပြန်တော့မယ်"ထန်နင်း က သူမ လေသံကို တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

"ယုဟွာ မှာ အရေးကြီးတဲ့ ရှိုးတစ်ခုရှိတယ်၊မင်း သူ့လက်ထောက်ဆီ သွားလိုက်၊
မိတ်ကပ်ပညာရှင်က မင်းကို မျက်နှာဖုံး
ပေးမှာမို့ ဘယ်သူမှ မင်းကို မမြင်နိုင်ဘူး"
ဟန်ယုဖန်က"ယုဟွာ က နည်းနည်းလေး နာကျင်သွားတယ်၊ဒါပေမယ့် မင်းသွားရ
လိမ့်မယ်။သူမ အတွက် အလုပ်ကြိုးစားပါ။"

"Miss မို က တကယ်ဒဏ်ရာရတာ မဟုတ်ဘူးလား။သူဆေးရုံ တက်နေတယ် ဆိုတာ
မီဒီယာတွေ သိသင့်တယ်...."

"ဒါပေမယ်၊ယုဟွာ လာမယ်ဆိုတာ လူတွေကို သိအောင် ငါပြောခဲ့ပြီးပြီ၊မင်း သူ့ဆီသွားလိုက်ပါ"

"မိုယုရိုရဲ့ ရူးမိုက်တဲ့ အစီအစဥ်ကို မကူညီခင်မှာ သူဟာ တကယ်ကို အကျင့်မကောင်းတဲ့သူပဲ"

"အရင်ကတော့ မိုယုရိုနဲ့ အဆင်ပြေဖို့ သူမ ကူညီပေးခဲ့တာ အကြိမ်ပေါင်း မနည်းဘူး"

ထန်နင်း က တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြပြီး"ကောင်းပြီ၊အချိန်နဲ့ လိပ်စာကို ပြောပြပါ၊ငါလာခဲ့မယ်"

"ထန်နင်း၊ငါတို့ လက်ထပ်တော့မှာ၊မင်း
မိုယုဟွာကို မြှင့်တင်သင့်တယ်၊ဒါမှ သူမရဲ့ အသက်မွေး၀မ်းကြောင်းက တိုးလာလိမ့်မယ်!"

"ငါ သူမကို အတက်နိုင်ဆုံး မြှင့်တင်မယ်!"
ထန်နင်း က ပြောသည်။

"ဒါဆို ငါ ဖုန်းချလိုက်တော့မယ်၊ငါတို့ နောက်မှ အတူတူစားရအောင်"

"အခြေအနေက ပြောင်းပြန် ဖြစ်နေပြီဆိုတာ မသိတဲ့ ဟန်ယု၊အခု မိုယုရို ကို အိပ်ယာဘေးထားပြီး သူမအပေါ် ချိုမြိန်ပြီး သနားနေတာလား။ထန်နင်း က ဖုန်းချလိုက်ပြီး အေးဂျင့်ကို ဖုန်းခေါ်လိုက်သည်၊အကြောင်းစုံ ပြောပြပြီးနောက် သူမရဲ့ အေးဂျင့်က စိတ်ဆိုးပြီး ဒေါသများထွက်နေသည်။

အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)Where stories live. Discover now