Chapter - 3 (သံသယရှိသော)

255 3 0
                                    

ထန်နင်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ထိုနောက် စကတ်ကိုမကာ မျက်နှာဖုံးတပ်ထားသောကြောင့် စင်နောက်မှသွားကာ သူမနှင့်
မိုယုရို၏ ခန္တာကိုယ်ကြား ကွာခြားချက်ကို
သိလိုလျှင် သူမရဲ့ ရှည်လျားသောခြေထောက်တစ်စုံသာဖြစ်သည်။သူမသည် ကမ္ဘာပေါ်တွင် အလှဆုံးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သည်။

ရှိုးပွဲက အထွတ်အထိပ် ရောက်နေပြီ၊
ဒါပေမယ့် ထန်နင်းက ကောင်းကင်က ကြိုးတန်းထိုင်ခုံပေါ်မှာ ထိုင်နေတာကို
တွေ့လိုက်ရတော့ မီးမောင်း အားလုံးက
သူမကိုယ်ပေါ်ကို ဗဟိုပြုနေပေမယ့် သူမရဲ့ လက်ကောက်၀တ်ကို လင်းသွားသောအခါ သရဖူကြယ်ပွင့် လက်ကောက်ကို မတွေ့ရဘူး....

ဒါက.... ဘယ်လိုဖြစ်တာလဲ။

သရဖူကြယ်ပွင့်လက်ကောက်ကို လူအများက လိုက်ရှာနေကြသည်။ဒါပေမယ့် လူတွေက ခြေထောက်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

ထိုနောက်တွင် သူမ၏ ရွှေရောင်မျက်နှာဖုံးအောက်တွင် ထန်နင်းသည် ယုံကြည်မှု
အပြည့်ဖြင့်ပြုံးကာ နူးညံပြေပြစ်စွာ လက်ကိုမြှောက်ပြီး ခေါင်းကိုနောက်ပြန်လှည့်ပြီး အလွန်လှပသောကခုန်သည့်ကိုယ်ဟန်ကို ပြုလုပ်ကာ ထိုအချိန်တွင် ထန်နင်း၏
ခြေကျင်း၀တ်တွင် သရဖူကြယ်ကြိုးများသည် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

ဒီမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်ခဲ့
ကြရပြီး ပိုလိုတောင် အမှတ်ရစရာကတော့ ထန်နင်းဟာ သူမရဲ့ ကိုယ်ဟန်အနေအထားနဲ့ လှုပ်ရှားမှုတွေကို အဆက်မပြတ် ပြောင်းလဲနေပြီး အလှတရားတွေကို ကွဲပြားတဲ့ ခံစားမှုတွေ ပေးစွမ်းနေတာပါ....

ပရိတ်သတ်များထံမှ အလွန်နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူတိုင်းက ထန်နင်းကို လက်ခုပ်တီးရန်အတွက်
စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ကြသည်။

လူအုပ်ကြားတွင်၊မြင့်မားပြီး တိတ်ဆိတ်သောနေရာတွင် မိုတင်သည် Model Catwalk တွင် တစ်စုံတစ်ယောက်အတွက် အားပေး
နေမည်ကို မမျှော်လင့်ထားပေမယ့် ၎င်း၏
ဇနီးအသစ်ဖြစ်သူ ထန်နင်းရှိရာ စင်မြင့်ပေါ်သို့ အာရုံစိုက် ကြည့်ရှုနေခဲ့သည်။

အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)Where stories live. Discover now