Chapter - 9 (မင်းကို ငါဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး)

168 5 0
                                    

ဆေးရုံ၏ ပိုးသတ်ဆေး အနံသည် စူးရှလွန်းသည်။ထန်နင်း တစ်ယောက်တည်း ဆေးရုံသို့ လျှို့၀ှက်စွာ ၀င်ရောက်ခဲ့သည်။

မိုယုရို၏ အခန်းကိုရှာဖွေပြီးနောက် ထန်နင်း သည် မိုယုရို၏ လက်ထောက်ကို တံခါး
အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်
ရသည်။Crown's Star Fashion Show မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အကြောင်း
ဟန်ယုဖန် ကို ပြောပြခဲ့တာ ဒီအမျိုးသမီး
ပဲ ဖြစ်ပါတယ်။သူကတော့ ဟန်ယုဖန်ကို ခြေထောက်တွင် လက်ဝတ်ရတနာဝတ်ဖို့
သူ့မကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့
ဟန်ယုဖန်ကို ပြောပြခဲ့ပါတယ်။

သူမအား အပြစ်အားလုံး ပုံချခဲ့သည်။

"မင်း လာပြီလား"မိုယုရို၏ လက်ထောက်သည် ထန်နင်းအား မောက်မာစွာကြည့်ကာ သူမအတွက် အခက်အခဲများကို ရည်ရွယ်ချက်ရှိရှိ"ခဏနေပါဦး၊မိုယုရို အနားယူနေတုန်းပဲ"

ထန်နင်းသည် သူမ၏ လက်ကိုင်အိတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မိုယုရို
၏ လက်ထောက်ကို တစ်ချက်ကြည့်လိုက်သည်။နူးညံပျော့ပျောင်းသော အသံဖြင့်
"ငါ့နာမည်ကို မင်းသိလား"

"မိုက်တယ် မင်းရဲ့မျိုးရိုးအမည် ထန်ကို
မသိတဲ့သူ ဘယ်သူရှိမလဲ။"

"မင်းငါ့ရဲ့မျိုးရိုးအမည် ထန် ကိုသိတဲ့
အတွက် ငါ့မိသားစုနောက်ခံကြောင်းလည်း မင်း သိမှာပေါ့။ဒါတောင် ငါ့ရှေ့မှာ မောက်မာစွာပြုမူဖို့ မင်းလို လက်ထောက်တစ်ယောက်က မတက်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်"

"ငါ..."

"ထန်နင်း ဒီမှာလား။ကျေးဇူးပြု၍ ဝင်ပါ။"
မိုယုရိုသည် တံခါးအပြင်ဘက်မှ ထန်နင်း အသံကို ကြားလိုက်ရသည်။သူမ လက်ထောက် ၏ မိုက်မဲမှုကြောင့် တိတ်တဆိတ် စိတ်ဆိုးသွားခဲ့သည်။ထန်းနင်းကို ဒုက္ခပေးချင်လျှင် သူမသည် ဤမျှအထိ အစွမ်းကုန် မလုပ်သင့်ပေ။ထန်နင်း သည် ထန်မိသားစု၏ ကျောထောက် နောက်ခံရှိနေဆဲဖြစ်ပြီး သူမကို သိပ်ဂရုမစိုက်ကြသော်လည်း သူမသည် ထန်မိသားစု၀င်
တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

ထန်နင်းသည် အခန်းထဲသို့ ၀င်လိုက်ပြီး ဒေါသထွက်နေသော မိုယုရို၏ လက်ထောက် ကို လျစ်လျူရှုလိုက်သည်။ကုတင်ပေါ်တွင်
မိုယုရို၏ ဒဏ်ရာရနေသော ခြေထောက်ကို မြင်လိုက်ရတော့ သူမက ပြုံးကာ"ယုရို၊
နေကောင်းလား"

အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)Where stories live. Discover now