မိုတင်သည် ရှေ့ကို လှမ်းကြည့်ရင်း စကား
တခွန်းမှ မပြောတော့ပေ။ထိုအချိန်တွင်
ထန်နင်းသည် သူ၏ညာဘက်နားရွက်ကို
စိုက်ကြည့်နေသည်။သူ၏ ညာဘက်နားရွက်
ရှိ မှဲ့သည် အနက်ရောင်စိန်နှင့်တူသည်။၎င်းသည် သူ့အား ဆိုးရွားပြီး အန္တရာယ်ရှိသော ရောင်ဝါတစ်ခုပေးကာ နားကပ်တစ်ဖက်နှင့်
မွေးဖွားလာသကဲ့သို့ဖြစ်သည်။"မင်း ငါ့ကို နမ်းဖို့ ဖိတ်ခေါ်နေတာလား။မင်းကိုပွေ့ဖက်မယ်၊ဒါမှမဟုတ်..."
ထန်နင်း သည် သူမ၏ ကြောက်ရွံ့မှုကို
ထိန်းထားကာ မိုတင် ၏ ပူလောင်သောအကြည့်ကို ရှောင်ရှားရင်း လက်ကိုဆွဲကာ
"ငါတို့အိမ်သစ်မသွားခင် တခြားတစ်နေရာကို လိုက်ပို့လို့ရမလား""ငါတို့သွားပြီးရင် မနေ့ညက ကျန်ခဲ့တဲ့အရာတွေကို ပြီးအောင်လုပ်နိုင်မလား။ဟမ်?"
မိုတင် ၏မေးခွန်းသည် ပေါ့ပါးသော်လည်း ထန်နင်း သည် သူမ၏ ကြောက်ရွံ့မှုကို
မဖုံးကွယ်နိုင်ပေ။သူမသည် မနေ့ညက
ရရှိခဲ့သော သတ္တိကို စုဆောင်းနိုင်မည်
မဟုတ်မှန်း သူမ သိသည်။မိုတင် က သူမကို အတင်းအကြပ် မပြောခဲသလို စကားလည်း
မပြောခဲ့ဘူး။သူမ လက်ကို ကိုင်ထားပြီး ညှိုးငယ်စွာ ပြုံးနေသည်မှာ မနေညက အဖြစ်အပျက်တွေကို ထန်နင်းအား သတိရစေသည်။ထန်နင်း ၏ တောင်းဆိုမှုကြောင့် မိုတင်
၏ အိမ်သို့ မသွားသေးဘဲ ပေကျင်းမြို၏ နာမည်ကြီး ချယ်ရီပန်းတောများဆီသို့
သွားခဲ့သည်။ဒီနေရာက သူမနဲ့ ဟန်ယုဖန်
တို့ ချိန်းတွေ့ဖူးတဲ့ နေရာပါ။ဒါပေမယ့်
ဒီနေ့မှာတော့ သူမဟာ ဟန်ယုဖန်ကို သူ့နှလုံးသားထဲက လုံးလုံးလျားလျား ဖယ်ရှားပစ်တော့မှာ ဖြစ်ပါတယ်။နောက်ဆုံးတော့ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး"ကျွန်တော် ချယ်ရီပန်းတောထဲမှာ အမြဲဆုံနေကြ နေရာပါ။နင်ငါ့ကို စကားပြောချင်ရင် အဲ့ဒီနေရာဟောင်းမှာ တွေ့မယ်......""ကောင်းပြီ ငါလာခဲ့မယ်"ဟန်ယုဖန် ချက်ချင်း သဘောတူလိုက်သည်။သူနှင့် မိုယုရို တို့သည် အတူရှိနေကြသော်လည်း ထန်နင်းကို စွန့်ခွာရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ထန်နင်းထက် ပိုပြီး အယုံလွယ်တဲမိန်းမတစ်ယောက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမသည် ငွေရေးကြေးရေးအရ ကူညီပေးနိုင်သောကြောင့် သူမနှင့် ဇနီးမောင်နှံ
ဖြစ်ရန် စိတ်ကူးထားပြီးပြီဖြစ်သည်။
YOU ARE READING
အစမ်းခန့် အိမ်ထောင်ရေး (Myanmar Translation)
Romanceမင်္ဂလာဆောင်မယ့်နေမှာ စေ့စပ်ထားသူ က ရောက်မလာဘဲ သူမ အချစ်ဆုံး သူငယ်ချင်းနဲ့ အတူရှိနေခဲ့တယ်။သူမ စိတ်ထိခိုက်သွားပြီး မြို့ပြရေးရာ ဗျူရိုရှေ့မှာ ယောကျာ်းကို လှမ်းဆွဲလိုက်သည်။"နိဂုံးချုပ်ရရင် မင်းသသတို့သမီးက ဒီမှာမရှိဘူး ငါ့သတိုးသားကလည်းမလာဘူး။ငါတို့ အ...