အခန်း ၂၀ unicode

3.2K 193 3
                                    

စောင်းတန်းတစ်လျှောက်ခြယ်က အရှေ့မှဦးဆောင်လျှောက်လေသည်။ နံရံမှ နိပါတ်ပန်းချီများကိုလည်း အသေအချာကြည့်နေပြန်၏။ စောင်းတန်းဆုံးတော့ လမ်းတစ်ဖက်က စျေးသည်တစ်ဦးဆီ ကြည့်ပြန်သည်။

"ဆပ်သဖူးသည်ပဲ"

"ခြယ်စားချင်လို့လား"

"အင်းကွယ်၊ မေမေလည်းကြိုက်တာမို့ ဝယ်ကြဦးစို့"

"လာ ခြယ်"
လက်နုနုကလေးကို ဆွဲကာ လမ်းတစ်ဖက်ကူးသွားလိုက်တော့ နောက်မှတကောက်ကောက်ပါလာ၏။ ယခုလိုကျတော့လည်းခြယ်က ကလေးလေးလိုပင်။

"အန်တီ ဘယ်လိုရောင်းလဲ"

"တစ်ခု ၃၀၀၊ တစ်ထောင်ဖိုး ၄ခုယူသွားသမီး"

"၂၀၀၀ဖိုးပေးပါ"
အသားခပ်ညိုညိုအန်တီကြီးသည် ဗန်းထဲမှ ဆပ်သဖူးလိပ်ကလေးများကို ကျွတ်ကျွတ်ထဲထည့်ကာ ခြယ့်ဆီကိုကမ်း၏။ ပြီးတာနဲ့ လမ်းပြန်ကူးပြီး ဘုရားပြန်ခဲ့ကြသည်။

"မများဘူးလား"

"ဆိုင်က ကလေးတွေရောလေလွှမ်းရဲ့"

"ကဲ အအေးဆိုင်ထိုင်ကြစို့၊ ပေး လက်ထဲကဟာ လေးနေမယ်"

"ပိုတာ ဆပ်သဖူးမုန့်လေးရှစ်ခု ဘယ်လောက်လေးမှာကျလို့"
လက်ထဲက အိတ်ကလေးကို ဆွဲယူလိုက်ပြီး
"မပူနဲ့ နောက်ကျ ဒီထက်လေးတာတွေသယ်ခိုင်းမှာ" ပြောရင်း ခြယ့်ဗိုက်ကလေးကို ခပ်ဖွဖွပုတ်ပြလိုက်သည်။

"လွှမ်း ဘုရားမှာနော် ဆင်ခြင်"

"အိမ်ကျမှ ဆက်ပြောမယ်"

"ရိုက်မှာ"
ပြောတာတောင် နောက်ကျသေးဗျာ။ ခြယ့်လက်ကလေးက ကိုယ့်လက်မောင်းပေါ်ရောက်နေလေရဲ့။

"ခြယ် ဘာသောက်ချင်လဲ"

"နို့မလိုင်၊ လွှမ်းကော"

"ဖာလူဒါ"

ကားပေါ်ရောက်တော့ ခြယ်ကဆပ်သဖူးထုပ်ကို ပေါင်ပေါ်တင်ထားတာမို့
"ဒီမှာချိတ် ခြယ်"
ထိုင်ခုံအနောက်က ချိပ်ကလေးကိုလက်ညိုးထိုးပြလိုက်သည်။
ပြီးမှ ကားစက်နှိုးပြီး အနောက်မုဒ်ကပဲ ပြန်ထွက်လိုက်သည်။ ကမ္ဘောဇအအေးဆိုင်..  သိပ်တောင်ထွက်စရာမလို လမ်းတစ်ဖက်မျက်စောင်းထိုးမှာပင်။ ကံကောင်းပေလို့ ကားရပ်စရာရသည်။ ခါတိုင်းဆို ကိုယ်လာရင် ရပ်စရာမရ၍ လှည့်ပြန်ခဲ့ရပေါင်းလည်းမနည်း။ ဟိုးဘက်ထိဝေးဝေးလံလံသွားရပ်ရင်ရပေမဲ့ လမ်းအလျှောက်ပျင်း၍ပင်။

အချစ်မေတ္တာအဖြေခက်သားကွယ်Where stories live. Discover now