အခန်း ၂၉ unicode

3.6K 211 4
                                    

"လွှမ်း"

"ပြီးပြီလား၊ အဆင်ပြေရဲ့လားခြယ်"
ခြယ့်ကိုမြင်တော့ မောင့်မျက်ဝန်းကလေးများ အနည်းငယ်ကျယ်သွားသည်ထင်၏။ ထင်ရုံမျှသာ..

"ခါးကနည်းနည်းကျပ်ချင်တယ်ကွယ်"

"ခိုင် ဒါလေးပြန်လုပ်ပေးပါဦး"

"ကိုယ်တိုင်းပြန်ယူမယ် ဆရာမလေး"

"မျိုးခိုင်နော် လုပ်လိုက်မှဖြင့်"
အမခင်ကရယ်ကျဲကျဲပြော၏။ ကိုယ်တိုင်းယူရင်း မောင့်ကိုကြည့်မိတော့ အမခင်နဲ့အပြောကမပျက်။ တစ်ချက်တစ်ချက်က ထထရယ်သေး။

"အယ် ဆရာမလေး ပြည့်လာတယ်တော့"

"ဟုတ်လောက်မယ်နော်၊ အိမ်တွင်းအောင်းနေတာနဲ့ပဲ"

"ခါးကို၂၄လောက်ယူမှရတော့မယ်၊ ခိုင်ပြင်ထားလိုက်မယ်နော် နောက်ရက်ကျ အဲဒီဘက်လာစရာရှိတော့ ဝင်ပေးလိုက်မယ်"

"ကျေးဇူးကွယ်"
အမှန်က မျိုးခိုင်မမှားပါ။ ခြယ်ပြည့်လာသည်မှာအဟုတ်။ ကျောင်းဝတ်တွေတောင် လာပြင်ရပါဦးမည်။ ကျောင်းပိတ်တော့ အိမ်တွင်းအောင်းနေတာနဲ့ ပေါင်ချိန်တွေတောင်တက်ပါလေရော။

"လွှမ်း ပြန်စို့၊ အမခင် ခြယ်တို့ပြန်လိုက်ပါဦးမယ်နော်"

"ဟုတ်ပြီ ဟုတ်ပြီ ပြန်ကြရော၊ တို့နှစ်ယောက်ကစကားကောင်းနေတာနဲ့"

"အားရင် အိမ်ဘက်လှည့်ခဲ့ဦးအမခင်"

"အေးကွယ်၊ ဂရုစိုက်သွားကြဦးကလေး"

"ကလေး"ဆိုသော အခေါ်အဝေါ်မှာ မောင့်အတွက်ရည်ရွယ်ပြီး သုံးလိုက်မှန်းသိပါ၏။

ဆိုင်ကယ်ပေါ်ရောက်သည်အထိ မောင့်ဗိုက်သားကိုမထိရဲ။ အနောက်ကတန်းကိုသာ မြဲမြဲကိုင်ထားရသည်။ ဒါတွေ ထိုကလေး သိမယ်မထင်။

"ခြယ် ဘယ်ဝင်ချင်သေးလဲ"

"မောင်အချိန်ရရဲ့လား"

"ဘာလုပ်စရာရှိတာမှတ်လို့"

"အဲဒါဆို ရွှေပင်ဆင့်ကို ခဏဝင်ပေးကွယ်၊ ဖေဖေ့အတွက် ပုဆိုးလေးဝယ်ချင်လို့"

"ခြယ်လည်း သဝန်တိုတတ်တာပဲနော်"

"ဘာလဲကွယ်၊ ဘယ်မှာတိုမိလို့လဲ၊ မောင်တို့ဘာသာ ဘာပြောပြော ခြယ််မသိချင်ဘူး၊ ပြောပါ အားမရသေးရင် ပြန်လိုက်ပို့ပေးမယ် ထိုင်ပြောနေ"
မောင်က တဟားဟားရယ်ပြန်၏။ ထိုမှ ကိုယ်တိုင်အမူလွန်သွားမှန်းသိလိုက်သည်။

အချစ်မေတ္တာအဖြေခက်သားကွယ်Where stories live. Discover now