အခန်း ၃၄ unicode

2.9K 213 6
                                    

မောင်ချိန်းသွားတဲ့ရက်က ဒီနေ့ဖြစ်ပေမဲ့ မောင်က အလုပ်ကိစ္စနဲ့ မန္တလေးသွားတာကြောင့် တစ်ရက်နောက်ဆုတ်လိုက်ရသည်။ မနက်ဖြန်မှ လာမည်တဲ့လေ။ မောင်ဘယ်လောက်ကြာကြာ ခြယ်ကစောင့်မှာပါ။ ဒီကြားရက်တွေကတော့ မောင်နဲ့တစ်ရက်လေးတောင်မပြတ် ဖုန်းပြောဖြစ်၏။ တရက်နဲ့တရက် ပြောလည်းမဝ၊ ပြောလည်းမကုန်နိုင်ပါ။ တိုးကျော်ကတော့ အခါတိုင်းလိုပင်။ ခြယ်စျေးသွားလည်း လိုက်နှောက်ယှက်နေတာမို့ မေမေကစျေးကို သိပ်မလွှတ်တော့။ ဖေ့ကိုလည်း မောင့်အကြောင်းအစပျိုးမိပါသေးသည်။ သိပ်အလုပ်မဖြစ်။

"ဆရာမလေး နနွင်းထုပ်ကကုန်နေတယ်ဗျာ၊ အရေးကြီးရင် ကျုပ် ရွာထိပ်ကဆိုင်သွားယူပေးမယ်"

"နေပါစေ လေးကျော်၊ သိပ်မလိုသေးပါဘူး၊ ဒါဖြင့်ရင် နောက်ရက်မှထပ်လာမယ်နော်"

"ဟုတ်ကဲ့ပါဗျ"

ညအတွက်ထမင်းကြော်ဖို့ မေမေဝယ်ခိုင်းလိုက်တဲ့ နနွင်းထုပ်လာဝယ်ရခြင်းဖြစ်သည်။ စျေးကဝေးလို့မသွားဖြစ်ပေမဲ့ လေးကျော်တို့ဆိုင်ကနီးတာမို့ ကိုယ်တိုင်ပဲ အညောင်းပြေအညာပြေထွက်လာလိုက်သည်။

"ဟိတ်"

"ဪ ပြောလေ"

မတွေ့ချင်မှ တည့်တည့်လာတိုးနေသည်။ ခြယ်က ခြေလျင်၊ သူက စူပါကတ်ဆိုင်ကယ်လေးဖြင့်။

"တက် ကိုလိုက်ပို့ပေးမယ်"

"နေပါ၊ နီးတာပဲကို"

"ကို့ဇနီးလောင်းလေးကတော့လေ၊ လာပါ့ဆိုကွာ ပြောရခက်လိုက်တာ"

လက်ကိုဆွဲကာ တက်စေ၏။ ဘေးကိုကြည့်တော့ ကလေးတွေလည်းရှိတာမို့ ရုတ်ရုတ်သဲသဲမဖြစ်လိုတာကြောင့် အသာတကြည်တက်လိုက်ရသည်။ သူ့ခါးကိုလည်း ဖက်ခိုင်းလိုက်သေး။ မလုပ်နိုင်ပါဘူး။ မောင့်ခါးလေးမှမဟုတ်ပါဘဲ။

အိမ်သွားတဲ့လမ်းမဟုတ်ဘဲ ကွေ့ပတ်သွားနေတာကြောင့် နေပူပူနဲ့ စိတ်ကတိုလာရ၏။

"တိုးကျော် ဘယ်တွေသွားနေလဲ"

"ဒီနားတင်ရယ်ပါ၊ ကိုတို့အခင်းဆီလေ အမေတို့ကို ထမင်းချိုင့်သွားပို့မလို့"
ဆိုင်ကယ်ခြင်းထဲကိုကြည့်တော့လည်း သုံးဆင့်ချိုင့်လေးပါတာမို့ အမှန်ပြောတာဖြစ်မည်။

အချစ်မေတ္တာအဖြေခက်သားကွယ်Where stories live. Discover now