အခန်း ၄၃ ဇာတ်သိမ်းခန်း unicode

7.4K 259 14
                                    

"နှစ်ယောက်လုံးပြန်မရောက်ကြသေးတာ အခုထိပဲသမီး"

"မေမေကလည်း မဟုတ်နိုင်တာတွေ၊ သမီးဖုန်းဆက်ကြည့်ပါဦးမယ်"
မောင့်ဒေါသနဲ့ဆို ဒီလိုတွေလုပ်နိုင်တာသိသော်လည်း အကြောက်အကန်ငြင်းမိသည်။ မဟုတ်ဖို့ပဲ စိတ်ထဲက တတွတ်တွတ်ရေရွတ်နေမိ၏။

"ဟယ်လို အမရီ၊ တွေ့ပြီလား"

"အန်တီရီရယ် သမီး"
မေမေက ဖုန်းအသံကိုအဆုံးထိချဲ့လိုက်၏။ စိုးရိမ်စိတ်ကြောင့် လက်တို့က အလိုအလျောက် ပန်းနုအားသွားဆွဲမိပါသည်။ အဂ္ဂကလည်း ကိုယ့်ပခုံးအားလာဖက်ထား၏။

"တွေ့ပြီခင်နှင်းရေ ရွှေတော်ဝင်မှာတဲ့ ဆေးရုံကဖုန်းရတယ် အမရီတို့အခုပဲလိုက်သွားနေကြပြီ"

"ဘာဖြစ်တာလဲအမရီ၊ ကလေး..ကလေးဘာဖြစ်လို့လဲ"

"ဘူတာလမ်းဆုံမှာ ဆိုင်ကယ်တိုက်တာခင်နှင်းရဲ့၊ဒါပဲနော်ခင်နှင်း အမရီတို့လမ်းပေါ်မှာမို့"
မေမေက ကိုယ့်အားတစ်ချက်လှမ်းကြည့်သည်။ စိုးရိမ်စိတ်ကြောင့် လက်များကတုန်ရီနေ၏။ ဖေ့အားတစ်လှည့်ကြည့်မိတော့ ဖေကနေရာမှချက်ချင်းထကာ ဆိုင်ကယ်သော့ကို ကိုယ့်အားလှမ်းပေးသည်။

"သွားချေသမီး"

"အဂ္ဂ သားအမကိုလိုက်ပို့လိုက်ဦး"

"ဟုတ်..ဖေ၊ လာ..လာ မကြီး"

"သွားနှင့်ကြ၊ ဖေတို့အနောက်ကလိုက်ခဲ့မယ်နော် သမီးငယ်"
ခေါင်းအသာညိတ်ပြပြီး ပြေးထွက်ခဲ့သည်မှာ မြေနှင့်ခြေတသားတည်းကျသည်အထိ။ အဂ္ဂကတော့ ဘာစကားတစ်ခွန်းမျှမဆိုဘဲ လိုရာကိုသာဒုန်းမောင်းနေရှာသည်။ စိုးရိမ်စိတ်အစဉ်ကြောင့် လက်နှစ်ဖက်ကိုပူထူနေသည်အထိ ပွတ်တိုက်နေမိ၏။ ဆိုးဆိုးရွားရွားများဖြစ်သွားရင်တော့ ဒီမိန်းမရင်ကျိုးရချေရဲ့ကွယ်။

ရွှေတော်ဝင်ဆေးရုံအရှေ့မှာတင် ဆိုင်ကယ်ရပ်ထားပြီး ကိုယ်က receptionဆီ အခန်းမေးဖို့ပြေးရသည်။

"အမ အဲဒီနာမည်နဲ့စာရင်းမရှိထားဘူးနော်"

"ဟုတ်ရဲ့လားရှင်၊ ပြန်ကြည့်ပေးပါဦး"
receptionကခပ်ငယ်ငယ်ကောင်မလေးက နားမလည်နိုင်စွာဖြင့် ပြန်လည်စစ်ဆေးပေးနေ၏။

အချစ်မေတ္တာအဖြေခက်သားကွယ်Where stories live. Discover now