နှင်းဆီနီများစွာစိုက်ပျိုးထားသောခြံဝန်းကျယ်ကျယ်~
ဒုတိယအကြိမ်ထပ်မံရောက်ရှိလို့လာပြန်သည်...ပထမအကြိမ်မှာတော့ လူကောင်းအတိုင်းအလည်သာဆိုသော်ငြား ယခုအကြိမ်မှာတော့လူမမာအနေဖြင့်သာ ဒုက္ခပေးဖို့ရန် ရောက်လာရ၏။
အားနာမိပေမဲ့လည်း ပြေးစရာနေရာမှမရှိဘဲ~
"ရရဲ့လား Fourth လာ ငါ့လက်ကိုတွဲလိုက်"
အားအင်တွေပြန်လည်မပြည့်ဖြိုးသေးသာသူ့အခြေအနေဟာ အခုချိန်မှာတော့လမ်းလေးလျှောက်ဖို့တောင်မှ အနိုင်နိုင်ရယ်..
ကမ်းပေးလာတဲ့Gemလက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်းအားယူကာ ကားထဲမှထွက်လိုက်သည်။
"သခင်လေး!!"
အိမ်တော်ကြီးထဲမှပြေးထွက်လာတဲ့ အိမ်ေတာ်ထိန်းDiraဟာ သူ့အားမြင်သည့်အခါတွေဝေနေခြင်းအလျင်းမရှိ..ချက်ချင်းဆိုသလိုအနားရောက်ချလာကာ သူ့အား ကူတွဲလေသည်။
"Dira ကျတော့်ကားထဲက အိတ်တွေယူပြီးအခန်းထဲထားပေးပါ steffလေးရောဘဲ"
Gemဟာ Diraအားအမိန့်ပေးပြီးနောက် သူ့ဘက်သို့ပြန်လည်အာရုံစိုက်လျက်..
"သွားရအောင် Fourth"
သူနှင့်အတူ ခြေလှမ်းများအားခပ်ဖြေးဖြေးချင်းလှမ်းရင်း အိမ်တော်ကြီးထဲသို့ခေါ်လာခဲ့သည်။
"သား ဟမ်fourth !"
သူ့ကိုမြင်တဲ့ Gemအမေဟာထိုင်နေရာမှထလာကာ သူ့အနားသို့လျှောက်လှမ်းလာ၏။
"သားငယ် fourthလေးကဘာဖြစ်လို့လဲ"
"မာမီ သားနောက်မှရှင်းပြမယ် အခုလောလောဆယ် Satangကိုခေါ် ပြီးရင်ဘယ်သူလာရှာရှာ Fourth မရှိဘူးလို့ပြောပေးနော် မာမီ"
အကုန်လုံးကိုတန်းစီပြောချရင်း အမေဖြစ်သူအားကျောခိုင်းကာ ကောင်ငယ်လေးကိုထိန်းကိုင်လျက် အပေါ်ထပ်ရှိအခန်းစီသို့ဦးတည်လာခဲ့သည်။
"ဒီမှာခဏအိပ်နေအုန်းနော် Fourth ငါတို့ဆရာဝန်ခေါ်ခိုင်းထားတယ် ခဏနေရောက်လာလိမ့်မယ်"
ဘာတာဝန်မှမရှိပါသောဒီလူဟာအစစအရာရာလိုက်ဂရုစိုက်ပေးနေသည်ကိုတွေးကြည့်ရင် သူ့မှာပိုလို့တောင်အားနာရပါသည်။