မနက်စာစားသောက်ပြီး အားလုံးဟာတာဝန်ကိုယ်စီနှင့်အတူ အပြင်သို့အသီးသီးထွက်သွားကြသည်။
မာမီဟာအလုပ်ကိစ္စနဲ့ ဘန်ကောက်ကိုတက်ရသည်....ဒယ်ဒီကတော့ Company ဘက်သို့ခြေဦးလှည့်သွားခဲ့၏... P'pond ဟာShoppingထွက်မည်ဆိုကာ ဂိမ်းရှုံးထားသည့် Phuwin အားဆွဲခေါ်ထုတ်၍သွားခဲ့သည်... Phuwin ခမျာတော့မျက်ရည်လေးစမ်း"စမ်း"ဖြင့်သာ လိုက်ပါသွားလျက်...
ယခုအချိန်မှာ အိမ်တော်ကြီးထဲ သူရယ်ကောင်ငယ်လေးရယ်Diraရယ်ကလွဲ ဘယ်သူမှမရှိချေ...
"Fourth ပျင်းနေလား? တစ်ခုခုလုပ်ချင်တာမရှိဘူးလား"
အိပ်ခန်းထဲရှိ sofa တွင်ထိုင်ရင်း Steff ဖြင့်ဆော့ကစားနေသောကောင်ငယ်လေးအားမေးခွန်းထုတ်တော့ ခပ်ဖြည်းဖြည်းခေါင်းခါပြသည်...
ခုတင်ပေါ်မှထကာကောင်လေးအနားသို့ဝင်ထိုင်လျက် sofaပေါ်တွင်သူဌေးသားစတိုင်ဖြင့်အိပ်နေသည့် Lord Steff အားကောက်ချီလိုက်၏...
"မနေ့ညကအရှုပ်ထုတ်လေး! ဒယ်ဒီ့ကိုလာရှုပ်တာပေါ့ ဟမ်! ဘာလဲ ဒယ်ဒီကမင်းပါးပါးအချစ်တွေအပိုင်ယူသွားမှာဆိုးလို့လား"
စူပုတ်နေသည့်steffအားစလိုလိုနဲ့ ကောင်ငယ်လေးကိုသွေ့ဝှိုက်ပြောလိုက်ရင်း မသိမသာခိုးကြည့်လိုက်သည်။
နားရွက်ထိပ်ဖျားလေးတွေနီရဲရင်းခေါင်းကိုအတင်းငုံ့ထားတဲ့Fourthဟာ နတ်သားလေးတစ်ပါးနှယ့်...ရှက်ပြုံးလေးဖြင့် သူ့ကိုလည်းတစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်သည်...အသည်းယားလွန်းလို့ငုံထားပစ်ချင်တဲ့အထိပင်!
အပြုံးကြီးပြုံးလိုက်ရင်း steffအားအောက်ကိုချပေးလိုက်ကာ Fourthအနားသို့တိုးသွားလိုက်သည်။
အရှက်သည်းနေသောကောင်လေး၏လက်ဖွေးဖွေးသွယ်သွယ်လေးများအားဆုပ်ကိုင်လျက်...
"Fourth....ကိုယ်အတွက်အဖြေလေးပေးနိုင်မလားဟင်~"
လေသံကိုအတတ်နိုင်ဆုံးအဆုံးထိလျော့ချပစ်လိုက်ကာကောင်ငယ်လေးအားဆိုတော့ ပန်းရောင်သန်းနေသည့်မျက်နှာလှလှလေးဟာ မော့၍လာသည်..
ကြယ်တာရာလိုလှပတဲ့မျက်ဝန်းများဖြင့်စိုက်ကြည့်လာသည့်အခါရင်ခုန်သံတွေဟာအပြင်ဘက်သို့ပေါက်ထွက်တော့မလိုတောင် အတိုင်းအဆမရှိခုန်ပေါက်လျက်..