21🐈 Final

753 48 7
                                    

............1 week later..........

Gemနှင့်ချစ်သူရီးစားတွေဖြစ်ခဲ့ကြသည်မှာ တစ်ပါတ်ကျော်လောက်ရှိပြီဖြစ်သည်...ဒီရက်ပိုင်း ချင်းမိုင်တွေသာသောင်တင်ဖြစ်နေ၏...

သူတို့ဆက်ဆံရေးကိုသတိထားမိလာသည့် Gemမိဘတွေဟာသူတို့ကိုဖွင့်ဟဝန်ခါလာဖို့ရန် ရေလာမြောင်းပေးနေပေမဲ့ Gemကတော့မူမြဲမူစဲသာ.......

"ကလေး ဘာတွေတွေးနေတာလဲ?"

ခုတင်ပေါ်မှာထိုင်နေတဲ့ကလေးငယ်အနားသို့သွားကာမေးတော့ နေကြာလိုအပြုံးလေးဟာထွက်ပေါ်လာလျက်..

"ဟင်...ဘာရယ်မဟုတ်ပါဘူး Gemကိုမေးစရာရှိတယ်"

"မေးလေ ကလေး ကိုယ့်ကိုဘာမေးမလို့လဲ"

လှပသည့်အပြုံးပိုင်ရှင်လေး၏ ခပ်သွယ်သွယ်လက်တစ်စုံအားဆုပ်ကိုင်လိုက်ရင်းပြောတော့ကလေးငယ်ဟာတစ်ခုခုကိုစဉ်းစားနေဟန်...

"ဟို မာမီတို့ကိုဘယ်တော့လောက်ဖွင့်ပြောကြမလဲဟင် တစ်မျိုးမထင်ပါနဲ့ ငါကသိချင်လို့မေးတာပါ အဆင်မပြေလို့မဖြေလဲရတယ်နော်"

မေးခွန်းနောက်ဆက်တွင်အသည်းအသန်ပြန်ရှင်းပြလိုက်တဲ့ကလေးငယ်ဟာသိပ်ကိုချစ်စရာကောင်းလွန်းသည်...

မေးခွန်းအတွက်အဖြေကိုပေးရန်အလုပ်...အခန်းထဲသို့ရုတ်တရက်ဝင်ရောက်လာသောမာမီ့ကြောင့် သူတို့မှာကြောင်အသွားလျက်....

"သား Gem မာမီသားနဲ့ပြောစရာရှိတယ်"

မာမီ့စကားကြောင့်အလိုက်သိတဲ့ကလေးငယ်ဟာသူ့လက်ကိုဖြုတ်ချရင်း မာမီ့ကိုနှုတ်ဆက်ကာအခန်းအပြင်တွေထွက်သွားခဲ့သည်...

Fourth ထွက်သွားတာနှင့်တစ်ပြိုင်နက်ပင်အခန်းတံခါးကိုလော့ချကာသူ့အနားသို့ရောက်လာသောမာမီ...

"သား...မင်းနဲ့အဲ့ကလေးဆက်ဆံရေးကဘာတွေလဲ မာမီကိုပြောပြပါအုန်း"

"ဟိုလေ မာမီ...ဟို"

ဖွင့်ပြောဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့လည်းတစ်ကယ့်လက်တွေ့မှာကြသူပြောမထွက်ပါ....သူ့ကိုမုန်းတီးကြမှာထက် ကလေးငယ်အားလက်မခံကြမည်ကို သူပိုစိုးရွံ့မိသည်။

Cat Lover𖠌Where stories live. Discover now