အတူတူနေရတာက ဟန်လင်းစစ်နဲ့ဆိုပေမယ့်
ညတိုင်းလိုလို အခန်းထဲလာအိပ်နေတာက သော်ဦးခန့်ပင်။ ကုတင်ကနှစ်ထပ်မို့လို့
ရှင်မင်းက အောက်မှာသာနေသည်။
ပုံသေတော့မဟုတ် အပေါ်ရောက်ချင်လည်းရောက်သွား၏သော်ဦးခန့်အမြဲလာရတဲ့အကြောင်းကတော့
ရိုးမဂုဏ်ကြောင့်
ရိုးမဂုဏ်က နားညီးတာတွေ စိတ်ရူတ်စရာတွေသူမကြိုက် သော်ဦးခန့်ကျတော့လည်း တိတ်ဆိတ်တာတွေ ပျင်းရိတာတွေမကြိုက်ဘဲပျော်ပျော်ဘဲနေတက်သည်မို့
ရိုးမဂုဏ်နဲ့ စကားပြောဖို့ကြံတိုင်း
'ပါးစပ်ပိတ်ထား 'ဆိုတယ့်ရိုးမရဲ့ စိမ်းကားကားစကားကြောင့် စိတ်ကောက်ပြီးလာလာနေရခြင်း။လာနေလျှင် ပါးစပ်ပိတ်ပြီး အေးဆေးမနေဘဲ
ကုတင်အပေါ်က ဟန်လင်းစစ်နဲ့ပေါင်းပြီး
ရှင်မင်းရဲ့ရည်းစားအကြောင်းကိုဘဲစနေတာမို့ ရှင်မင်းစိတ်ရူတ်နေခဲ့ခြင်း။ဒါပေမယ့်လည်းသူငယ်ချင်း စတာ မှန်းသိလို့ဘာမှပြန်မပြောရက်။"ရှင်မင်း မင်းဘယ်သူနဲ့စကားပြောနေတာ typing ရိုက်နေတာ ပြုံးစိစိနဲ့ "
"မဟုတ်မှ ရှင်မင်း ရည်းစားအသစ်ရနေတာလား"
အမေးအမြန်းထူတာလည်း အဲ့နှစ်ယောက်အပြင်မရှိ။
"မင်းတို့အလုပ်လား "
တကယ်လည်းထင်ချင်ထင်စရာ
အခုတလော ရှင်မင်း messenger မှာစာပို့တိုင်းပြုံးစိစိ ဖြစ်နေတာ သူတို့သတိထားမိတာကြာပြီ ဒါပေမယ့်အရင်ကတော့ရှင်မင်းက ကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ရင်တောင်ပြောပြတက်တဲ့သူ
အခုကျ ဘာဆိုဘာမှမပြောတော့ဘဲ တိတ်ဆိတ်နေတာ"ရှင်မင်း မင်းမမကို မေ့နိုင်ပြီလား "
သော်ဦးခန့်ရဲ့မေ့နိုင်လားဆိုတဲ့အမေးကတော့ တကယ်မေးခွန်းသတ်နေတာဘဲ
မေ့နိုင်တယ်လို့ ပြတ်ပြတ်သားသားလဲဖြေချင်ပေမယ့် မမေ့နိုင်ဘူးဆိုတဲ့ အမှန်တရားကိုလည်းဖြေချင်မိတယ်။
ဒါပေမယ့် မေ့သွားတဲ့သူကိုတောင်းတနေတော့ရော ဘာထူးမှာလဲ။"မသိဘူး "
ဘူးတစ်လုံးခံ အိုတောင် မဆင်းရဲဆိုတာကမှ မှန်သေးတယ်

YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Sonstigesပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...