"ပန်သစ် အဆင်ပြေလား ပထမဆုံး
ယောင်္ကျားလေးအနေနဲ့ကျောင်းပြန်တက်မယ်ဆိုတော့ ""အဆင်ပြေပါတယ် ကိုလင်းလဲ ဥက္ကဌ ကိုပြောထားပေးတာဘဲ "
ယောင်္ကျားလေး uniform ကိုပထမဆုံးဝတ်တဲ့နေ့။ မျက်နှာကတော့ မိန်းကလေးဆန်နေတုန်း။
ဒါပေမယ့် ဆံပင်ကလည်းတိုသွားပြီတော့ ဒါကပန်သစ်အတွက်တကယ်လွတ်လပ်တဲ့အချိန်ဘဲ။"ပန်သစ် နမည်ပြောင်းချင်လားတကယ်တော့သားမှာယောင်္ကျားနမည်ရှိသေးတယ် သားနှနှစ်အရွယ်မှာမေမေတို့ပေးထားတာ "
ပန်သစ်ခေါင်းသာခါလိုက်၏။
ပန်သစ်အနေနဲ့ ယောင်္ကျားလေးလိုလွတ်လပ်သွားပြီဆိူပေမယ့် ငယ်ငယ်ခေါ်ခဲ့တဲ့ ပန်သစ်သွင်ဆိုတဲ့အမည်ကိုပိုကြိုက်လိမ့်မည်မိန်းကလေးဆန်နေပေမယ့်ပေါ့။။"ပန်သစ်သွင်လား "
"အွန်းရှိန်း ငါပါ "
"တကယ်ပုံစံ ချိန်းလိုက်ပြီလဲ"
"အင်း အခြေအရ ဒီလိုဘဲဖြစ်သွားတာ
အခုတလော လိမ်ခဲ့မိတာတွေ တောင်းပန်ပါတယ် ""ရပါတယ် နင်လည်းနင်ကိစ္စနဲ့နင်ပေါ့
ဒါပေမယ့် ယောင်္ကျားလေးဖြစ်သွားတဲ့နင်က တကယ်ချစ်ဖို့ကောင်းတယ် အရင်ကလောက်တော့မဟုတ်ပေမယ့်ပေါ့ ""ဟီးဟီ ကျေးဇူးပါ ရှိန်း "
လောလောဆယ် ပန်သစ်အတွက်အပူလုံးကြီး တစ်လုံးကျသွားပြီ စိတ်တိုမယ်ထင်ခဲ့ပေမယ့်
ရှင်မင်းထက်တောင် နားလည်မှုရှိနေသေးသည်။"အာ့ "
"အဆင်ပြေလားမင်း "
ရုတ်တရက် ဘောလုံးတစ်လုံး အင်္ကျီပေါ်လာမှန်တာကြောင့် သဲတွေ ပလူပျံသွားတော့
"အင်္ကျီတွေရော မျက်နှာရော အကုန်ပေကုန်ပြီ"
"တောင်းပန်ပါတယ် အဆောင်ပြန်ပြီးရေပြန်ချိုးလိုက် "
"အွန်း အဲ့လိုဘဲလုပ်ရတော့ရမှာပေါ့ "
ပန်သစ်က အခု ယောင်္ကျားလေး စစ်စစ်
ဖြစ်သွားပြီဆိုတော့ယောင်္ကျားတွေရဲ့အဆောင်မှာသာ နေရတော့မည်။
ချက်ချင်းကြီးလူတယောက်နဲ့အတူနေမှာဆိုတော့ ပန်သစ်အတွက်ခဲယဉ်းလွန်းသည်။

YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Randomပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...