ဗိုက်ကလေးကတော့ တဖြည်းဖြည်းနဲ့ လရင့်လာခဲ့ပြီး 5 လသို့ရောက်ရှိလာခဲ့၏
5လသာ ပြောတာ ဗိုက်က အရမ်းကြီးမပူဘဲ အနည်းငယ်သာပူနေတာ..ရှင်မင်းကလည်း bar ကို တစ်ပတ်မှာ တခါလောက်ဘဲ သွားဖြစ်၏ သူငယ်ချင်းတွေကနားလည်မှု အပြည့်ပေးသည်
အခုတောင်ဟန်လင်းက ပန်သစ်နားမှာဘဲနေပါလို့ပြောပေမယ့် ကိုယ်တိုင်က အားနာမိလို့တစ်ပတ်တစ်ခါလောက်သွားပေးနေ၏"ပန်သစ်"
"ဟင်ပြောလေ "
"မောင်တို့လမ်းလျှောက်ထွက်ရအောင် မောင်ကြားဖူးတာက ကိုယ်ဝန်ဆောင်သည်က လူပ်လူပ်ရှားရှားနေရမှာတဲ့ "
"အင်း ခနနော် ဂျီဂျီလေးကို ကြိုးချိတ်ပေးလိုက်အုန်းမယ် "
ခွေးလေးကတော့ မပါမဖြစ် ဒီတခါတော့ရှင်မင်းအူတိုတာမရှိဘဲ အပြုံးလေးနဲ့သာ။
အိမ်မှာခွေးလေးနဲ့ဆို သုံးေယာက်ဘဲရှိတာ သူလဲ တစ်ယောက်ထဲတော့ ခွေးလေးကို မထားခဲ့နိူင်။"ပန်သစ် ဒီနေ့က ရောင်ခြည်ကအဝါရောင်လေးနော်"
"အွန်း လမ်းလျှောက်လို့ကောင်းပြီးလှတယ်"
ကန်ဘောင်ဘေးမှာ လျှောက်နေတာမို့လို့
စက်ဘီးတွေဘာတွေဖြတ်သွားဖြတ်လာရှိပေမယ့် ပန်သစ်ကိုတော့ ထောင့်စွန်းမှာ လျှောက်စေလိုက်ပြီး လက်ကိုတော့ တင်းတင်းကြပ်ကြပ် ကိုင်ထားပေးလိုက်၏"ပန်သစ့်ဗိုက်ထဲက ကလေးက ဘာလေးဖြစ်မယ်ထင်လဲ "
"ဟင့်အင်း မခန့်မှန်းချင်ဘူး ခန့်မှန်းတာနဲ့မလွဲချင်ဘူး "
"မောင်ကတော့ ဘာလေးဖြစ်ဖြစ်အပြည့်အဝချစ်ပေးမှာ "
"ဘာလေးမှန်းမသိပေမယ့် မောင်နဲ့တူတာလေးကိုရအောင်မွေးပေးပါ့မယ် "
"မောင်နဲ့သာ တူရင် ခလေးက အရမ်းချောနေမှာ "
"ပဲများနေမှာကိုလည်း ထည့်ပြောအုန်း"
"ပန်သစ်ကလည်း "
ဝုတ် ဝုတ် ဝုတ်
ဂျီဂျီက ကစားချင်တယ်ထင်ပါရဲ့ အတင်းပြေးထွက်သွားတာကြောင့် ရှင်မင်းနောက်ကနေလိုက်ရပြန်၏

YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Acakပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...