"မင်းတို့အရှက်မရှိဘူးလားဟမ်!!"
"ဟုတ်ကဲ့ "
"ဟုတ် "
"...."
နှစ်ယောက်လုံးရဲ့ တူညီသောစကားသံကြောင့် ဦးထိန်လင်းကိုယ်တိုင် ခနသာ လမ်းပျောက်ရ၏
"မင်းတို့သူငယ်ချင်းတွေမလား ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ဖြစ်ရတာလဲ"
"တောင်းပန်စာ ရေပေးရင်ရပြီးမလား အခု ကျွန်တော် ဘာမှမဖြေချင်လို့ ဘာမှမမေးပါနဲ့လား "
"သားရော ဖြေစရာမရှိဘူး "
"နှစ်ယောက်လုံး ကျောင်းထုတ်ခံချင်နေတာလား ငါ့ကို မလေးမစားနဲ့
ပြီးတော့ငါပြောသံတွေကြားရပါတယ် ဒီကျောင်းမှာ မိန်းကလေးလိုနေရတဲ့
ယောင်္ကျားလေးတစ်ယောက်ရှိနေတယ်ဆိုတာ ""ကျွန်တော့်ညီပါ ပန်သစ်သွင်
ဒါက မကောင်းတဲ့စိတ်ကြောင့်မဟုတ်ဘဲ
အခြေအနေအရပါ ပြီးတော့ပန်သစ်က ငယ်ငယ်ထဲက မိန်းကလေးလိုနေရတော့ မိန်းကလေးတွေနဲ့တန်းတူ မိန်းကလေးစိတ်
ေလးနဲ့ပါ ""ထားပါ အဲ့တာကို ငါနောက်မှ မေးမယ် ဟန်လင်းစစ် မင်းက အပြင်မှာစောင့်နေ
အခုရှင်မင်းမာန်သာကို အရင်မေးမှာမို့လို့""ဟုတ်ကဲ့ပါ "
ဟန်လင်းအပြင်ထွက်သွားတာကြောင့်
ရုံးခန်းထဲ ရှင်မင်းနဲ့ ဥက္ကဌ သာကျန်ခဲ့၏
နှစ်ယောက်သား အတူတူမေးရင် အဖြေ အမှန်ကထွက်လာမှာမဟုတ်တာကြောင့်"တစ်ခု မကျန် အကုန်ပြောရှင်မင်းမာန်သာ "
"မပြောချင်ဘူး ဒီတိုင်းတောင်းပန်လိုက်ရင် ရပြီကိုဘာလို့လဲဗျာ "
"ဆက်ဆံရေးတွေ မကွဲစေချင်လို့ပေါ့ကွ
မင်းတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အခုမှမဟုတ်ဘူး ငယ်ငယ်လေးထဲက ဒါကို ရန်ပွဲလေးတစ်ခုကြောင့် ဝေးကြမလို့လား "ရှင်မင်း မသိတော့ပါ ဘာကိုမှလဲ မတွေးခေါ်နိုင်လောက်အောင် အတွေးတွေက တစ်စုံတစ်ယောက်ရဲ့ ပုံရိပ်လေးမှာဘဲပြည့်နှက်နေတာ
"အဲ့ မိန်းကလေးဟန်ဆောင်ထားတဲ့ ကောင်လေးက သားနဲ့တွဲခဲ့ပါတယ်"
YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Ngẫu nhiênပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...