အချိန်အားဖြင့် ည10 နာရီတောင်ထိုးနေပြီ
ဒီအချိန်ဆို ကျောင်းဝန်းထဲကိုပြန်ဖို့လဲ မသင့်တော်တာကြောင့်"ဒါ မင်းအိမ်လား ဒါဆို ဟန်လင်းစစ်နဲ့အတူနေတာပေါ့ "
"အွန်းလေ ဝမ်းကွဲတွေဆိုပေမယ့် အဖွားကတူတူနေချင်တယ်ဆိုလို့ စုနေကြတာ "
"ဒီလိုမှန်းသိရင် ဟန်လင်းစစ်နဲ့လာတုန်းက ခြံရှေ့မှာဘဲ မစောင့်ဘဲ အထဲဝင်လာပါသေးတယ်"
"အခုရော ဝင်မလား "
"မဝင်တော့ဘူးလေ နောက်ကျနေပြီ ငါလဲသွားရတော့မယ် "
နောက်ဆုံးအထိ ဂျယ်လီလေးရဲ့ကျောပြင်ကိုဘဲကြည့်ရင်း ရင်တွေကပါ တစ်ဒုတ်ဒုတ်နဲ့
"လေးလေး ဟီးဟီး "
အိမ်အဝတည့်တည့်မှာရပ်ပြီးကြိုဆိုနေတာ
မဟုတ်မှ အဆောင်ပြေးတာသိသွားတာလားလေးလေးရဲ့မျက်နှာထားက တင်းမာနေပေမယ့် ကြောက်စရာတော့လုံးဝမကောင်း
ဒါတောင် အခုထိ သူ့ကြောက်တယ်ထင်နေလားမသိ"ဘယ်သွားနေလို့ ဒီအချိန်မှ ပြန်ရောက်တာလဲ ပြီးတော့မင်းနဲ့အတူ ပြေးတဲ့မိန်းကလေးဘယ်သူလဲ "
မိန်းကလေးဆိုတာကိုကြားမှ ရှင်မင်းလက်အုပ်ချီအနေအထားနဲ့
"လေးလေး ဒီနေ့တရက်တော့ မေ့လိုက်ပါလားနော် "
"သဘောကျနေတာလား"
"အဲ့လိုတော့မဟုတ်ပါဘူး ဒီတိူင်းသူငယ်ချင်း"
"သဘောကျနေရင်လည်း တွဲလိုက် မင်းအရင်ကောင်မလေးကြောင့် ကြေကွဲနေမယ့်အစား "
လာပြန်ပြီ ဒီတစ်ယောက်အကြောင်း
"အတူတူသောက်မလား "
"ကြိုက်တာပေါ့ဗျာ "
လေးလေးနဲ့တော့ တခါတလေ အတူတူသောက်ဖြစ်ပြီး ရင်ဖွင့်တက်သည်မို့
မိနစ် 40 လောက်ကြာတော့
"လေးလေးသားကသူ့ကိုတော်တော်ချစ်တာဗျ "
ဦးထိန်လင်းအတွက်ကတော့ ဒီအရက်ကမပြင်းပေမယ့် အသက်ငယ်တဲ့သူတွေအတွက်ကျတော့ပြင်းနေလိမ့်မည်
အထူးသဖြင့် တခါတလေ မှသောက်တဲ့သူတွေအတွက် ပိုပြင်းတာပေါ့

YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
De Todoပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...