ပြိုင်ပွဲနေ့က ကိစ္စနဲ့ သူနဲ့ရှင်မင်းမတွေ့တာ သုံးရက်လောက်ရှိပါပြီ။
သွားတွေ့မလို့ကြံပေမယ့်လည်း
ရှင်မင်းကလည်းမအား
ကိုယ်ကလည်း စာမေးပွဲကိစ္စ လေးတွေရှိတာကြောင့် မသွားဖြစ်
ရှင်မင်းကလည်းတကယ်နေနိုင်ပါတယ်
စကားလေးတောင်လာမပြောတာ'မအိပ်သေးဘူးလား ပန်သစ် '
'အွန်း အိပ်မပျော်ဘူး '
'မောင်ရော အိပ်မပျော်ဘူး အခုတောင်
ပန်သစ်တို့အဆောင်ရှေ့မှာ 'ပန်သစ် ဝမ်းသာမိတာကြောင့်ချက်ချင်းဖုန်းကိုချပြီ ပြတင်ပေါက်ကနေကြည့်လိုက်တော့
ရှင်မင်း သူကို လက်ပြနေတာကြောင့် ပြုံးမိသွားသည်။တကယ်ဆို စိတ်ဆိုးနေမယ်လို့ထင်ထားတာ။'ဘာထွက်လုပ်နေတာလဲ မောင် '
'ထိုင်လွမ်းနေတာလေ ပန်သစ်ကို '
ပျော်ရွင်မိတာလား ဘာဖြစ်တာလဲမသိပေမယ့် မျက်ရည်က ဝဲစပြုလာ၏
ပန်သစ်မနေနိုင်တော့တာနဲ့ ဖုန်းခေါ်ပြီးတော့'မောင် '
'ပန်သစ် မောင် မင်းကို ချစ်တယ်
ဘယ်လိုလုပ်ရမလဲ သုံးရက်လေးမတွေ့တာတောင် တော်တော်လွမ်းနေတာ ပန်သစ်မို့လို့ နေနိုင်တယ် 'ဒီတစ်ယောက်ကို ပန်သစ် ဖုံးမကွယ်ချင်တော့ဘူး ဒါပေမယ့်လှတာကြိုက်တဲ့ ရှင်မင်းက
ပန်သစ်သာ ယောင်္ကျားလေး ဖြစ်နေမှန်းသိရင် သူလက်ခံမှာမဟုတ်။'အွန်း ငါရောလွမ်းနေတာ '
'အပြင်ထွက်လာမလား ပန်သစ် မောင်မင်းကိုတွေ့ချင်တယ် "
ဒီနေ့ ရှင်မင်းရဲ့အသံက တစ်မျိုးကြီးဖြစ်နေတာ စိတ်ညစ်စရာတခုခုများရှိနေမလား။
'လာလို့မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်မောင် '
'အင်းပါ ဒါဆို မောင်လည်းဝင်တော့မယ်'
'အွန်း '
ထွက်သွားချင်ပေမယ့် ထွက်သွားလို့မရသည့်အခြေ ရင်အောက်မှာလည်း ဘာမှမဝတ်ထားသလို ထွက်သွားလို့သူများတွေမြင်ခဲ့ရင်အပြောခံရမှာလဲ ကြောက်၏
တခါတလေ တွေးမိတယ် မိန်းကလေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။
ဒါမှမဟုတ် ယောင်္ကျားလေးလိုနေထိုင်ရရင်တော့ ဘယ်လောက်ထိ လွတ်လပ်မလဲ
အခုတော့ လူတစ်ယောက်ကိုတောင် တိတိကျကျ မချစ်ရဲသေး။
တခါမှ ဒီလိုနေရတာ အားနည်းချက်လို့မသတ်မှတ်ပေမယ့် ဒီတခါကိုတော့ အားနည်းချက်လို့ သတ်မှတ်မိ၏
အားမငယ်အောင် မေမေကထားပေမယ့်
လူတစ်ယောက်ကြောင့် အားငယ်မိသည်။

YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Randomပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...