"ကိုယ် မင်းကိုချစ်မိနေပြီထင်တယ်"
"ဘယ်လိုဖြစ်လို့ရှင်က "
"ကိုယ့်အချစ်ကိုလက်ခံနိုင်မလား "
"....."
"Cut!! "
" အိုခေ ကောင်းတယ် ခမျာ "
သုတရောင်စင် ဒါရိုက်တာရဲ့ ချီးမွှန်းမှုကို ခံပြီး
သူ၏ထိုင်ခုံမှာဘဲ သွားနားနေလိုက်၏"ဟယ် ချောလိုက်တာ "
"အရပ်အမောင်းနဲ့တင် သေလို့ရပြီ"
"ငယ်ငယ်ရွယ်ရွယ်နဲ့လုံးဝ daddy type ကြီး"
"လာ လက်မှတ်သွားတောင်းရအောင် "
မိန်းကလေးတစ်အုပ်ကလည်း
အခုတလော သုတရောင်စင်ရဲ့အကြောင်းကိုသာ စိတ်ဝင်တအား လိုက်ကြည့်ကြသေးသည်။
သုတ ဆိုတာ လွန်ခဲ့တဲ့ နှနှစ်လောက်ကမှ ပွဲဦးထွက်ခဲ့ပြီး ပထမဆုံးကားနဲ့တင်တော်တော်ပေါက်ကြားသွားခဲ့တာ
အပြုံးချိုချိုလေးတွေမို့နဲ့ နှင်းဆီမလေးတွေရဲ့အသဲစွဲ။အသက် ၂၆ သာရှိပြီး အရည်အချင်းအပြည့်ရှိသူ။"အကို ဟို ဟိုဟာ ညီမတို့က အကို့ Fan ပါ လက်မှတ်လေးထိုးပေးပါလား "
"ရတာပေါ့ဗျာ"
စာအုပ်သေးသေးလေးထုတ်ပေးလိုက်တော့
ရောင်စင် ဆိုတဲ့နမည်လေးနဲ့သာ ထိုးပေးလိုက်၏"ကျေးဇူးပါနော် ကျွန်တော်ကိုအားပေးတဲ့အတွက် "
"အားးး သေပါပြီ ဟုတ်ဟုတ် "
"ချစ်စရာလေးအမလေး "
ပြုံးပျော်ပြီးအသဲယားဟန်နဲ့ထွက်သွားတဲ့
ကောင်မလေးတွေကိုသာ ကြည့်နေရင်း
ချစ်စရာလေးပါလား။
ကိုယ်လဲ တစ်ချိန်က သူတို့လေးတွေလိုဖြစ်ခဲ့မိတာဘဲ။'အာ့ '
"အဆင်ပြေရဲ့လားဗျ "
"မပြေဘူး စာအုပ်တွေကျကုန်ပြီ "
"ဟုတ်ကဲ့တောင်းပန်ပါတယ်ထူပေးပါ့မယ်"
သုတရောင်စင်သူ့ရှေ့ကို တည့်တည့်ဝင်တိုက်တာက ထိုကောင်မလေးဆိုပေမယ့် လဲသွားတဲ့သူကလည်း ထိုကောင်မလေးကိုယ်တိုင်ဖြစ်နေတာကြောင့် အရင်ထူပေဖို့ လက်ကို ဆွဲကိုင်လိုက်၏
"ဘာလဲ ဒါက...."
YOU ARE READING
မင်းမို့လို့သာ[One And Only](Completed)
Diversosပန်သစ်သွင် + ရှင်မင်းမာန်သာ စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့လို့ အပြင်မှာ မဖြစ်တာတွေ ပါနိုင်ပါတယ်နော် အထူးသဖြင့် Uke က ချစ်ဖို့ကောင်းပြီး အခြေအနေအရ မိန်းကလေးလိုဝတ်စားတာမကြိုက်ရင် မဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ slow romance လေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းစေမ...