[ အပိုင်း-၁၈ ]
"ဒုန်း"
ကားလေးဟာ သစ်ပင်ကြီးကို
အရှိန်ပြင်းပြင်းနဲ့ ၀င်စောင့်လိုက်တာကြောင့်
ကားခေါင်းခြမ်းတစ်ခုလုံး
ကြေမွသွားတော့သည်။"မာ မာလာချို ဘယ်လိုလုပ်ကြမလဲ"
"ဟင် သွားကြည့်ရမှာပေါ့"
"ဟင့်အင်း ... ငါ ငါတို့ကိုအမှုပတ်လာမှာဟ
ပြန်ရအောင်ဟာ"ကားထဲမှ ရှင်နှောင်းငယ်ဟာ
အလွန်ကိုကြောက်နေပေမဲ့
မာလာချိုကတော့ သူမထက်
လူသားဆန်သေးသည်။စကားပုံတစ်ခုလိုပေါ့ ...
ပုတ်တာကပြင်လို့ရတယ်
ယုတ်တာကတော့ မွေးရာပါဗီဇမို့
ဘယ်တော့မှပြင်နိုင်မှာမဟုတ်ဘူးတဲ့လေFlash back
လွန်ခဲ့သောနှစ်ရက်က"တီး "
မာလာချို သူမမာမီနှင့်
ထိုင်စကားပြောနေတုန်း ဖုန်း၀င်လာခဲ့သည်။"ဖုန်းနံပါတ်အစိမ်းကြီးပဲ
ဘယ်သူ့ဆီကပါလိမ့် ....
မာမီခဏလေးနော် မာလာပြန်လာခဲ့မယ်"မာမီ့ကိုပြောကာ မာလာ
အိမ်ရှေ့၀ရံတာသို့ ထွက်လာခဲ့လိုက်သည်။"Hello "
"မာလာချို ငါကျားကြီးပါ ...
နင့်ကိုပြောစရာရှိလို့""ကျားကြီး"
မာလာချိုတစ်ခုခုကိုစဉ်းစားလိုက်ကာ
သတိရဟန်ဖြင့်"အော် ...
ရှင်နှောင်းငယ်ရဲ့သူငယ်ချင်းမဟုတ်လား""အေ ဟုတ်တယ်"
"ပြောစရာရှိတယ်ဆိုတာက"
"ပြောစရာရှိတာထက်
အသိပေးတာဆို ပိုမှန်မယ်ထင်တယ်""ဘာကိုလဲ"
ဒီလူကထူးထူးဆန်းဆန်း
အခုမှ မာလာ့ဆီကိုဖုန်းဆက်ခြင်းဖြစ်သည်။
ရှင်နှောင်းငယ်မိတ်ဆက်ပေးထားလို့
နှစ်ခါလောက်ဆုံဖူးရုံကလွဲ၍ မာလာနဲ့ သူ့ကြားမှာ
တခြားပတ်သတ်မှုမရှိမာလာ အတွေးများနေတုန်းမှာပဲ
"သတိုးမင်းဆက် စေ့စပ်တော့မယ်"
"ဘယ်လို"
"ဟုတ်တယ် ... သူစေ့စပ်တော့မယ် "
"ဘယ်သူနဲ့လို့နင်ထင်လဲ"
YOU ARE READING
ဦးရဲ့အချစ်ခံ မဟေသီလေး
Romanceဒီလူသားက မင်းနဲ့တွေ့မှ နှလုံးသားဆိုတဲ့ အကောင်က အသက်၀င်လာခဲ့တာ ပိစိ !!